I was trapped myself

6.6K 573 16
                                    

Luhan အခန်းရှေ့တွင်မက်တပ်ရပ်နေရင်း သက်ပြင်းကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်တယ်။ဒီအခန်းထဲမှာ Sehun တစ်ယောက်တည်းရှိနေတယ်ဆိုတဲ့အသိက သူ့ကို အခန်းထဲဝင်ဖို့ အားလျော့သလိုဖြစ်စေတယ်လေ။ မ၀င်လို့ကလဲ မရ မဟုတ်လား။ ခုလောက်ဆို Sehun လဲ အိပ်နေလောက်ရောပေါ့။တမင် သူအိပ်နေမယ့်အချိန်ကို   ရွေးလာတာဆို ပိုမှန်လိမ့်မယ်။ ဒီညက သူနဲ့ ကျွန်တော် ပထမဆုံးအတူရှိနေမယ့် ညမဟုတ်လား ကိုယ့်ကို သဘောကျနေတဲ့သူနဲ့ အတူရှိနေမှာကို မျက်နှာမပူပဲနေရအောင် ကျွန်တော်က စက်ရုပ်မှမဟုတ်တာ။အဲတော့လဲ မျက်နှာမပူရမယ့်အချိန်ကိုရွေးလာရတာပေါ့။

Luhan    " Arja Arja Fighting ! Luhan "

Luhan ကိုယ့်ကိုကိုယ် အားပေးရင်း အခန်းတံခါးဖွင့်ပီး ခြေသံဖွဖွနင်းကာ တံခါးကိုအသာအယာ ပြန်ပိတ်လိုက် တယ်။ တံခါးပိတ်ပီး အခန်းထဲ ပြန်လှည့်အကြည့်

Luhan     " အမလေး ပလုတ်တုတ် "

Luhan တစ်ယောက် လန့်ဖြန့်ပီး လက်ထဲက အ၀တ်အစားထုပ်ပါ ပြုတ်ကျသွားတယ်။

Luhan     " မင်း ... မင်း မအိပ်သေးဘူးလား "

Luhan တို့ လန့်လောက်တာပေါ့ သူအိပ်ပီလို့ တထစ်ချ သတ်မှတ်ထားတဲ့ Sehun က ကုတင်ပေါ်မှာ ငုတ်တုတ် ထိုင်ပီး သူဝင်လာတာကို လက်ပိုက်ကြည့်နေတာကိုး။ရုတ်တရပ် ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ Sehun ကို တွေ့တော့ လန့်ပီး shock ရသွားတာပါ။

Sehun       " လူကိုမြင်တာနဲ့ ဘာလို့ သရဲ၊ဘီလူးမြင်သလို လန့်သွားရတာလဲ တော်ကြာ shock ရလွန်ပီး မေ့လဲမှ လူနာကပြန်ပြုစုနေရဦးမယ် "

Luhan       " အဟမ်း ..ရုတ်တရပ်ဆိုတော့ လန့်သွားတာပါကွာ မင်းအိပ်နေပီထင်လို့ "

Luhan လဲချောင်းတချက် အရှက်ပြေဟန့်ကာ ကိုယ်နေကိုယ်ထား ပြန်ပြုပြင်ပီး အ၀တ်အစားထုပ်ကို နေရာချနေ လိုက်တယ်။

Luhan pov:   ' Ashii ဒင်းနဲ့တွေ့ရင် ဘာလို့ အလွဲသုံးဆယ်တွေပဲ ဖြစ်နေလဲ မသိဘူး။ငါ့ Samnamja image တော့ ပျက်စီးတော့မှာပါပဲ '

အ၀တ်ထုပ်ချသလိုလို ပစ္စည်းတွေ နေရာချသလိုလိုနဲ့ အခန်းထဲမှာ ဟိုပတ်ဒီပတ်လုပ်နေတဲ့ Luhan ကိုကြည့်ပီး Sehun ပြုံးမိလိုက်တယ်။ သိတာပေါ့ သူနဲ့ ရင်ဆိုင်ရမှာ မျက်နှာပူလို့ အိပ်ချိန်မှတမင်လာတာကိုလေ။ အစကတော့ အိပ်ချင်ယောင်ဆောင်ပေးမလို့ပါပဲ။ စဉ်းစားကြည့်ပါဦးလား ကိုယ်ချစ်ရတဲ့သူက ကိုယ်နဲ့လာနေမယ်ဆိုတဲ့ အသိနဲ့တင် ရင်ခုန်နေတာ ကိုယ်နဲ့ အနီးနားမှာ ရှိနေတဲ့အချိန်ဆို အိပ်ချင်ယောင်လဲဆောင်နိုင်မယ်မထင်။ အိပ်ဖို့ဆို ပိုဝေးပေါ့ ။အခန်းထဲကို ကုပ်ချောင်းကုပ်ချောင်းဝင်လာထဲက သူ့ကို ကြည့်ပီး ရီချင်နေတာ မနည်းထိန်းထားရတယ်။ ဒီ Bambi လေး အသေချစ်ဖို့ကောင်းပါတယ် သူနဲ့ကျွန်တော်ဘယ်လိုစခန်းသွားရပါ့မလဲ။

Poisonous LoveWhere stories live. Discover now