I will let you go

5.4K 525 13
                                    

Do ဆီပြေးသွားကာ လက်ထဲက suitcase ကို ဆွဲယူလိုက်တယ် ပီးမှ ဆူသလိုပုံနဲ့

Luhan '' ဒီလောက် အေးနေတာကို အပြင်မှာ ဒီတိုင်းစောင့်နေရလား ငါသာ စောစောမလာရင် ဘယ်လိုလုပ်မလဲ ဖုန်းလေး ဘာလေးမဆက်ဘူး ''

Soo '' Hun နဲ့ Date လုပ်နေတာ မနှောက်ယှက်ချင်လို့ပါကွာ ပီးတော့ ငါ အပြင်မှာ မနေပါဘူး ဒီနားကကော်ဖီဆိုင်မှာ စောင့်နေတာ မင်းကိုတွေ့မှ ထွက်လာတာ ဒါနဲ့Lu ငါမင်းအိမ်မှာ ရက်နဲနဲ လောက်လာနေမလို့ ငါ . . ''

Luhan '' သိပီးသား မင်းလာမယ်ဆိုတာ ''

Soo '' O-o ဘယ်လိုသိ ''

Luhan '' ဒီနေ့ Hun ပြောပြတာ မင်း အလုပ်သစ်ရလို့ ဂျယ်ဂျူကို ပြောင်းသွားတယ် ဆိုပီးလေ အဲတော့ ငါစဉ်းစားမိတာ ဂျယ်ဂျူတော့ သွားမှာမဟုတ်ဘူးပေါ့ Seoul မှာလဲ မင်းအသိ ဆိုလို့ငါပဲရှိတာဆိုတော့ ငါ့အိမ်ပဲရောက်လာမှာပဲ ဆိုပီး စောစောပြန်လာခဲ့တာ ''

Soo '' Lu မင်းက ငါ့စိတ်ကို သိနေတာပဲ နေပါဦး ဒါဆို Hun နဲ့ Date လုပ်နေတာ ငါ့ကြောင့် စောစောပြန်လာရတာပေါ့ အချိန်တွေ သွားပါပီ ''

Luhan '' အမလေး စိတ်မပူနဲ့ DO မင်းကြောင့် သူက ပိုအမြတ်ရသွားတာ ငါက ဒီနေ့အစား နောက်နေ့တွေအချိန်တိုးပေးမို့ ''

Soo '' အော် အဲလိုလား တော်သေးတာပေါ့ ''
ပြုံးနေပေမယ့် ဝမ်းနည်းနေတဲ့ မျက်လုံးတွေ နွမ်းလျနေတဲ့ မျက်နှာကို ဖုံးကွယ်မထားနိုင်တဲ့ DO ကိုကြည့်ပီး သက်ပြင်းတိုးတိုးချမိတယ်။ အိမ်ပေါ်ထပ်က ကျွန်တော့်အခန်းဘေးက အခန်းမှာ သူ့ကိုနေရာချထားပေးပီး DO ကို ကုတင်ပေါ် ထိုင်စေကာ ကျွန်တော်လဲ ဝင်ထိုင်လိုက်တယ်။

Luhan '' DO မင်းဒီမှာ ကြိုက်သလောက် နေနိုင်တယ် ငါလဲ တစ်ယောက်ထဲပဲလေ ''

Soo '' ငါ LA ပြန်မလားလို့ Lu ''

Luhan '' Wae? ဟိုမှာ မင်း၁ယောက်ထဲ ဖြစ်နေမှာပေါ့ ဒီမှာပဲ ငါနဲ့နေလေ ခုကရော ဘာလို့ အဲလိုလိမ်ပီးထွက်လာတာလဲ ''

Soo '' Kai က င့ါ..ငါ့ကို Dorm မှာမနေစေ ချင်တော့ဘူးတဲ့ ''

Luhan '' O-o Wae? ဘာလို့လဲ အကုန်သိသွားလို့လား ''

Poisonous LoveWhere stories live. Discover now