Prove of my love

5.2K 472 14
                                    

Baek '' ဘယ်တုန်းကတည်းကလဲ ပြောပါဦး Hyung ´´

Yeol '' Hyung တို့ ပိရိချက်ပဲ ကျွန်တော်တို့ မတွေ့ဖြစ်ရင် မပြောသေးမယ့်ပုံပဲ ´´

Kris '' အဲ့လို မဟုတ်ပါဘူးကွ ပြောဖို့ စဉ်းစားထားပီးသားပါ။ ဒါနဲ့ မင်းတို့ ငါ့ကို တရားခံ စစ် စစ်နေကြတာလား ထုထလိုက်လို့ ´´

Baek '' ဟဟ Hyung ရှက်ရမ်းရမ်းပီး ပတ်ရမ်းနေပီ။ မရှက်ပါနဲ့ ကျွန်တော်တို့ မြင်သင့် တာ အကုန်မြင်ပီးပါပီ ´´

Kris '' Yarr! မင်းကတော့ အကြီးကို လာနောက်တယ်ပေါ့လေ မိလို့ကတော့ သေဖို့ သာပြင်ထား ´´

Yeol ကတော့ ဧည့်ခန်းထဲမှာ ပတ်ပြေးနေတဲ့ မကြီးမငယ် ၂ယောက်ကြည့်ကာ အူတက်လောက်အောင် ရီနေလေရဲ့။ ဒါပေမယ့် Hun ပြန်ရောက်လာတော့ အားလုံးငြိမ်သက် သွားကြတယ်။

Kris '' Hun မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ ´´

Hun '' နက်ဖြန်ဆို ကျွန်တော် Luhan Hyung နဲ့ Date လုပ်တာ နောက်ဆုံးနေ့လေ ကျွန်တော့်အချစ်တွေကို Hyung နားလည် အောင် ကျွန်တော် ဒီနေ့ထိ မလုပ်နိုင်သေးဘူး ကျွန်တော် ညံ့ဖျင်းလွန်းအားကြီးတယ် ထင်တယ် ´´

Yeol '' Hun ya စိတ်ဓာတ်မကျပါနဲ့ဦး အချို့အချို့သောအရာတွေက ပါးစပ်နဲ့ ထုတ်မပြောလဲ သိနားလည်မယ် ဆိုပေမယ့်။ အချို့ကျတော့ ထုတ်ပြောမှ အဓိပ္ပာယ် ပီပြင် တယ်ကွ မင်းမှာ တရက်ကြီးများတောင် အချိန်ကျန်ပါသေးတယ်ကွာ ´´

Hun ခေါင်းညိတ်ပြကာ အပေါ်တက် တက်ခဲ့တယ်။ နက်ဖြန် ကျွန်တော် Hyung ရဲ့ ယုံကြည်မှု ရပါ့မလား ??

******************************

Luhan '' ဒီနေ့ ဘယ်သွားမှာလဲ စဉ်းစားပီးပီ လား ´´

Hun '' ဒီနေ့ Hyung စဉ်းစားရမှာ နေ့တိုင်း ကျွန်တော်သွားတဲ့နေရာပဲလိုက်ခဲ့ရတာ ဒီနေ့တော့ Hyung သွားချင်တဲ့နေရာပြော ´´

Luhan '' Hyung က ထွေထွေထူးထူး သွားချင်တာမရှိပါဘူး Hun သွားချင်တာပဲ သွားပါ ´´

Hun '' ကျွန်တော် သွားချင်တဲ့နေရာ အကုန် သွားပီးပီ။ မြန်မြန်ပြောပါ Hyung ရဲ့ ´´

Luhan '' ဒါဆို Hyung Seoul စရောက်ထဲက သွားချင်တဲ့ နေရာရှိတယ် ´´

Hun '' ဘယ်နေရာလဲ Hyung ´´

Poisonous LoveWhere stories live. Discover now