Don't go :(

5.6K 535 4
                                    

Tao ခမျာ Kris ဆွဲရာနောက်ကို နားမလည် သော်လည်း ကားပေါ်ထိရောက်သွားပြန်ပီလေ။

Kris '' Tao shi ဘာစားမလဲ ''

Tao '' ကျွန်တော်က စားပီးသွားပီ Kris ပဲ စားချင်တာစားပါ ''

Kris '' စားကောင်းမယ့် ဆိုင်၁ဆိုင် ကျွန်တော်တွေ့ထားတယ် အဲ့ပဲ သွားလိုက်မယ်နော် ''

Kris ကပြောပီး ကားကိုစက်နိုးလိုက်တယ်။

Taoအစကတော့ ကြောင်တောင်တောင်ပါလာ တာမို့ ဘာမှမဖြစ်ပေမယ့် နောက်မှ ၂ယောက်တည်း ဖြစ်ပြန်ပီဆိုတဲ့ အသိက ရှိန်းတိန်းဖိန်းတိန်း ဖြစ်စေတယ်လေ။အဲ့လူကြီးက စကားပြောတာ ဟိုမလွတ်ဒီမလွတ်ရယ်လေ။

ကားမောင်းနေတဲ့ တောက်လျှောက်လဲ ကျွန်တော့်ကို လှမ်းလှမ်းကြည့်နေတာ လှည့်မကြည့်ပေမယ့် သိနေတယ်လေ။ ဆိုင် မြန်မြန်ရောက်ပါစေ ဆုတောင်းနေမိတယ် နို့မို့ဆို ကားတိုက်လို့ ၂ယောက်လုံး အမျိုးပြုတ်နေမှာ စိုးလို့လေ။

ဆိုင်ရောက်တော့ Tao အံ့အားသင့်သွားရတယ် သူစားကောင်းတဲ့ဆိုင်ဆိုလို့ ဘာဆိုင်များလဲလို့ ဆန်ပြုတ်ဆိုင်ကြီးပဲ မောင်းလာရတဲ့ ခရီးမှ အားမနာ ဘာလဲ ဆန်ပြုတ်။ တွေးမိတော့ Tao ခမျာ ငိုမဲ့မဲ့ သူမှ ဆန်ပြုတ်မကြိုက်တာကိုး။

Tao pov : ' အစုတ်ပလုတ် လူကြီး လူကို ခေါ်လာတာ ဆိုင်ကောင်းကောင်းလေးမှာ ကျွေးမယ်မဟုတ်ဘူး ဆန်ပြုတ်တဲ့ garr....
ပေါက်လာပီ '

ဆိုင်ထဲရောက်တော့

Kris '' ထမင်းစားချိန်ကျော်သွားပီဆိုတော့ လူရှင်းနေလို့တော်သေးတာပေါ့ ''

arjima '' Fan Fan မလာတာတောင် ကြာပီနော်။အဖော်ပါလာတာကိုး မဟုတ်မှလွဲရော. . . ''

Kris '' Nae arjima ဗိုက်ဆာလာပီ ဆန်ပြုတ်၂ပွဲပေးပါနော် ''
Kris က သူ့ဗိုက်လေးကို ပွတ်ကာပြောတော့
Arjima ကပြုံးကာ ထွက်သွားတယ်။ Tao ကတော့ အံ့သြနေမိတယ် Kris ကို ဒီပုံစံမျိုး မမြင်ဖူးဘူးလေ ပီးတော့ arjima က သူ့ကြည့်ပီး မဟုတ်မှလွဲရောဆိုတော့ ဘာမှန်းမသိ။ ခဏကြာတော့ arjima ကအငွေ့ထောင်းထောင်း ထနေတဲ့ ဆန်ပြုတ်ပန်းကန်တွေနဲ့ ဗန်းကိုင်ကာ ထွက်လာ တယ်။ ပီးတော့ စားပွဲပေါ်ချပေးကာ ထွက်သွားတယ်။

Poisonous LoveWhere stories live. Discover now