မနက်ခင်းချမ်းစိမ့်စိမ့်မှာ ကော်ဖီပူပူလေးတစ်ခွက်သောက်ရတာ ဘာနဲ့မှ မလဲနိုင်ပေ။ ကော်ဖီခွက်ကိုင်ပီး ၀ရံတာဘက်ထွက်လာလိုက်တယ်။ဒီနေ့ဆို သူအလုပ်မသွားတာ ငါးရက်ပြည့်ပီ။ Designer စလုပ်ကတည်းက ဒီလိုရက်ရှည် တစ်ခါမှ
မနားဖူးလို့လားမသိ စိတ်ထဲမှာ ဘာအတွေးမှမရှိတော့ဘဲ ကြည်လင်နေတယ်။ခုမှ
ကော်ဖီပူပူနဲ့ မနက်ခင်းကို အရသာခံကြည့်မိတယ်။
Tao " Luhan "
အသံကြားလို့ အောက်ငုံ့ကြည့်တော့ Tao တစ်ယောက် အိမ်ထဲဝင်လာရင်း အပေါ်က ကျွန်တော့်ကိုတွေ့သွားပုံပဲ အော်ခေါ်ပီး လက်ပါရမ်းပြနေသေး။ ကျွန်တော် ပြုံးမိလိုက် တယ်။Tao ကတစ်ခါတလေ ကလေးလိုပင်။ကျွန်တော် ဆေးရုံကဆင်းပီးကတည်းက Tao တစ်ယောက် ၁ရက်တစ်ခါပုံမှန် အိမ်လာနေသည်။ မလာပါနဲ့ပြောလဲမရ DO လဲ ထိုနည်းလည်းကောင်းသာ။ကျွန်တော့်မှာ သူတို့လုပ်တာနဲ့ လူမမာလုံးလုံးကို ဖြစ်လို့ အမှန်တကယ်တော့ ဘယ်နေရာမှ ဘာမှမဖြစ် အကောင်းကြီးပါ။
Tao " ဒီနေ့ ဘယ်လိုနေလဲ "
Luhan " မြင်တဲ့အတိုင်းပဲလေ။ Tao ငါ အလုပ်ပြန်လုပ်တော့မလားလို့ "
Tao " နားပါဦး အလုပ်များ နောက် မသေမချင်းလုပ်ရဦးမှာ နားလို့ရတုန်းနားထားပါကွာ "
Luhan " အလုပ်မလုပ်တော့ ပျင်းတယ်ကွ တစ်ယောက်တည်း အိမ်ထဲမှာ နေရတာ "
Tao " သိနေတယ်လေ အဲဒါကြောင့် ဒီနေ့ မင်းနဲ့ငါနဲ့ အပြင်ထွက်ကြမလို့ အလုပ်တွေပစ်
ထားပီး လာခဲ့တာ။အဲလို မသွားရတာ ငါတို့ Korea မှာ အလုပ်တွေ စလုပ်ကတည်း
ကနော်။ဒီနေ့ငါနဲ့ Date လုပ်တာပေါ့ "
Luhan " ဘာ Date လဲ သေချင်လား "
Tao " ကဲပါ San Namja ကြီးရယ် မြန်မြန်သွားပီး ပြင်ဆင်ပါတော့ "
Luhan Tao ကို သမင်မျက်စောင်း ကျွေးလိုက်ပီး အခန်းထဲ ၀င်သွားလိုက်တယ်။
Luhan ပြင်ဆင်ပီးထွက်လာတော့ ...
Tao " Khaja! "
YOU ARE READING
Poisonous Love
Fanfictionfunny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don't like yaoi, you should pass this.I am writing this fic with Myanmar