First Dating

5.4K 523 8
                                    

ကျွန်တော် ချိန်းထားတဲ့နေရာရောက်တော့ Hun ကို အရင်ရောက်နှင့်နေတာ တွေ့ရတယ်။ နေရာကတော့ ကျွန်တော်နေတဲ့နေရာနဲ့နီးတဲ့ ကလေးကစားကွင်းအသေးလေး တစ်ခုနားမှာပါ ရပ်ကွက်ထဲက ကလေးအနည်းငယ်လောက်ပဲ ကစားတတ်တာမို့ လူရှင်းတော့ သူလွတ်လွတ် လပ်လပ်နေလို့ရအောင်ပါ။ သူက ကျွန်တော့်အိမ်ကို လာကြိုမယ်ပြောပေမယ့် ကျွန်တော်ကလက်မခံခဲ့တာပါ။ အိမ်တိုင်ရာရောက် လာခေါ်ရအောင် မိန်းကလေးမှမဟုတ်ပဲ ပီးတော့ ပတ်ဝန်းကျင် ရှိသေးတယ်လေ။

ကားကို နောက်ကျောမှီကာ လက်ပိုက်ရပ်နေတဲ့ သူက အဝေးကကြည့်တာတောင် ထင်းနေခဲ့တယ်။ အညိုရောင်ဆံပင်တွေကို လှပသပ်ရပ်အောင် ထောင်ထားပီး shirt အကျီအပြာကိုလက်ခေါက်တင်ကာ အောက်က အမည်းရောင် ဘောင်းဘီရှည်နဲ့ တွဲဝတ်ထားပုံက တည်ငြိမ်ရင့်ကျက်ပီး သန့်ပြန့် လွန်းလှတယ်။ သွားပီ အဲမှာ ကျွန်တော်နဲ့ သူနဲ့ စလွဲတာပဲ။ ကျွန်တော်အစက ကျွန်တော့် စိတ်ကူးအတိုင်း ကျွန်တော်ကြိုက်နှစ်သက်တဲ့ အကျီတွေထဲက တစ်ထည်ဝတ်မယ်ပေါ့။ ဒါပေမယ့် အိမ်ကို ရုတ်တရက်ပေါက်ချလာတဲ့ ပန်ဒါမ ပြောရရင် ခုဝတ်လာတဲ့ ဒီဇိုင်းရဲ့ လက်သည်ပေါ့။ သူရောက်လာပီး ' လာပြန်ပီ ဒီပုံစံ သူသိနေလို့ ခုလဲ လာခဲ့တာ ' ဆိုပီး Designer လာလုပ်သွားတာ ခု ကျွန်တော့်မှာ သူ့ကျေးဇူးကြောင့် ဒီနေရာက နောက်ပြန်လှည့် ချင် စိတ်ပေါက်နေပီ။ ဒါပေမယ့် မဖြစ်နိုင်တော့။ Hun က ကျွန်တော့်မြင်လို့ လက်တောင်လှမ်းပြ နေပီလေ။

Hyung ကိုတွေ့တော့ ဘယ်ဘက်ရင်အုံ အောက်က အရာလေးက အခုန်မြန်နေပီလေ။ ခေါင်းငုံ့ပီး တစ်လှမ်းချင်းလျှောက်လာနေတဲ့ Hyung ပုံကြည့်ရတာ ရှက်နေတယ်ထင်တယ် ဗျ။ ကျွန်တော်ပြုံးလိုက်မိတယ်။ Hyung အနားရောက်လာတော့

Luhan '' ဘာပြုံးတာလဲ လှောင်တာလား
တကယ်လို့ အချိန်ရှိသေးတယ်ဆိုရင် ငါ အိမ်တစ်ခေါက်ပြန်လဲချင်တယ် ဖြစ်မလား။ ဟို ပန်ဒါမ ဆေးထိုးလိုက်တာကွ လာမလှောင်နဲ့ ''

Hun ကြောင်သွားတာတော့အမှန် Hyung ဘာတွေ ပြောနေတာပါလိမ့်။

Hun '' ဘာလို့လဲ Hyung ရ ?? ''

Luhan '' ခုနကပြုံးနေပီး ခုမသိချင်ယောင် ဆောင်ပြန်ပီ မင်းငါဝတ်လာတာ ကြည့်ပီး ရီချင်နေတာ မှတ်လား။ Tao အစုတ်ပလုတ် ပီးမှတွေ့မယ် ဘယ်သူက အကြီးမှန်း မသိတော့ဘူး ''

Poisonous LoveWhere stories live. Discover now