Now,I give you all my love

6K 560 7
                                    

Luhan တံခါးကို ဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပတ်လက်အနေအထားနဲ့ ခေါင်းပေါ်လက်တင်ကာ မျက်လုံးမှိတ်ထားတဲ့ Sehun ကိုတွေ့လိုက်ရတယ်။ မျက်နှာက သိသိသာသာ ချောင်ကျနေပီး သွေးမရှိသလို ဖြူဖပ်ဖြူရော် ဖြစ်နေတယ်။ ကျွန်တော် သူအိပ်နေတယ်ထင်လို့ အခန်းထဲကို ဖြေးဖြေးဝင်လာခဲ့တယ်။ Chanyeol နဲ့ Baekhyun ကလဲ နောက်ကနေ အသာလိုက်ဝင်လာတယ်။

Sehun " Hyung တို့လား ? ကျွန်တော် ဆေးရုံမှာ ဆက်မနေချင်တော့ဘူးဗျာ။ ကျွန်တော့်ကို ဆင်းခွင့်ပေးပါတော့"

Sehun မျက်စိကိုမှိတ်လျက်သား ပြောလိုက်တယ်။ သူတကယ်ဒီမှာနေရတာ ငြီးငွေ့နေပီ။ ရနေတဲ့ ဆေးရုံအငွေ့အ သက်တွေကိုလဲ မသတီတော့ဘူးလေ။

Luhan " Wae ? နေကောင်းသွားမှာ စိုးလို့လား "

Sehun မှိတ်ထားတဲ့ မျက်လုံးတို့ ပြူးကျယ်သွားပီး ဘေးဘက်လှည့်ကြည့်လိုက်တော့

Sehun " Luhan ! ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ ? Hyung တို့သွားပြောလိုက်တာမှတ်လား ကျွန်တော်က မပြောဖို့ ပြောထားတာကိုဗျာ "

Luhan " မင်းက idol တစ်ယောက်ဆိုတာမေ့နေတာလား Sehun. ငါက Chanyeol တို့မပြောရင် မသိနိုင်ဘူး ထင်နေတာလား "

Sehun " Luhan ဒီကို ဘာလို့လာလဲ သိတယ်။ ဒီကိစ္စက ဘယ်သူ့အမှားမှ မဟုတ်ဘူး ကျွန်တော်ကလဲ ဆုံဖြတ်ချက်ကို ဘယ်သူလာပြောပြော ပြန်ပြင်မှာမဟုတ်ဘူး "

Luhan " မင်းဒီလိုဖြစ်ရတာ ငါ့ကိုကယ်ရင်းဖြစ်ရတာဆိုတော့ ငါ့ကြောင့်လို့ပြောလို့ရတယ်။ အစကတော့ မင်းကိုဖြောင်းဖြဖို့လာခဲ့တာ ခု မင်းက မင်းဆုံးဖြတ်တာမပြင်တော့ဘူးဆိုတော့ ငါ လုပ်ပေးရမှာတစ်ခုပဲရှိတယ် မင်းဆေးရုံကမဆင်းမချင်း မင်းအနားမှာ ငါ လာနေပေးမလို့ "

Sehun " ဘယ်လို အာ.. အဲ့လိုမတွေးနဲ့လို့ပြောထားသားပဲ ပီးတော့ ကျွန်တော်က ဆေးရုံကဆင်းတော့မှာ "

Luhan " ဘယ်သူ့သဘောနဲ့ ဆင်းရမှာလဲ မင်းခြေထောက် ပတ်တီးတောင်မဖြည်ရသေးဘူး။ ပတ်တီးဖြည်ပီး ဆေးရုံကဆင်းလို့ရပီဆိုတဲ့အချိန်ထိ ငါမင်းနားမှာ လာနေပေးမှာ ခု မင်းအခြေအနေလာကြည့်တာ ငါ အ၀တ်အစားတွေ ပြန်ယူလိုက်ဦးမယ် ညမှ လာခဲ့မယ် "

Poisonous LoveWhere stories live. Discover now