Is poison sweet ?

8.8K 636 32
                                    

Soo '' Sehun ဘယ်လိုနေလဲ တွေ့လို့ရပီလား ´´

အိမ်ပြန်လာတဲ့ Luhan ကို Soo မေးနေတာ လေ။

Luhan '' အင်း တွေ့လို့ရပီ အဆင်ပြေပါတယ် ခု သူအိပ်ပျော်နေတုန်း ယူစရာရှိတာ လာယူထားတာ ´´

Soo '' အင်း Lu ငါလဲမင်းကို ပြောစရာ ရှိနေတာ။ မင်းသိတဲ့အတိုင်းပဲ နက်ဖြန် ငါ သွားတော့မယ် မင်းအလုပ်ရှုပ်နေတုန်း ငါသွားရတာတော့ အားနာတယ်ကွာ ´´

Luhan '' အင်း ´´

အင်း တစ်လုံးပဲပြောကာ သူ့ကို ဂရုမစိုက်ပဲ အပေါ်ထပ်တက်သွားတဲ့ Luhan ကိုကြည့်ပီး Soo စိတ်မကောင်းပါ Lu သူ့ကို စိတ်ဆိုးနေတာနေမှာ နှုတ်တောင်မဆက်ဘူး။ နက်ဖြန် အလုပ်ရှုပ်နေတာနဲ့ နှုတ်ဆက်ချိန် မရရင် ခက်မယ်လေ။ နောက်တစ်ခါ ပြန်တွေ့ရဖို့ကလဲ  မလွယ်တော့ဘူး။ Lu ကို ပြောစရာစကားတွေအများကြီးရှိနေသေးတယ် မဟုတ်လား။ Lu နောက်ကိုလိုက်သွားတော့ အခန်းထဲမှာ အဝတ်အစားနဲ့လိုတာတွေ ထည့်နေလေရဲ့။

Soo '' Lu ငါ  . . . . ´´

Luhan '' DO ya ငါ သွားတိုက်တံ ဝယ်ဖို့ မေ့ခဲ့တယ်ကွ အပန်းမကြီးရင် ခုသွားဝယ်ပေးပါ လား ငါ ဒီမှာ ထည့်လို့မပီးသေးလို့ပါ နော် chingu နော် ´´

Soo '' အန် အော် အင်း ဝယ်ပေးမယ်လေ ငါ အခု သွားလိုက်မယ် ´´

Soo လဲ ခေါင်းကုတ်ပီးသာ ထွက်လာလိုက် တယ်။ သွားဝယ်ပီးမှပဲ ဆက်ပြောမယ်လို့ စဉ်းစားလိုက်တယ်။ ဈေးဆိုင်ကို သွားနေတဲ့ ခြေလှမ်းတွေက လှမ်းနေပေမယ့် စိတ်ကတော့ ဒီမှာမရှိပေ။ အမှန်တော့ Seoul က သူ့အတွက် မွေးရပ်မြေမဟုတ်လား။ ဒီနေရာကနေ နောက်ထပ်ထွက်ခွာသွားရဖို့ အကြောင်းဖန်လာပြန်ပီလေ။ ဆိုင်ထဲရောက်တော့ သွားပွတ်တံ နဲ့ ဝယ်စရာရှိတာ ဝယ်ပီး ပြန်ထွက်လာတုန်း ဖုန်းမြည်လာတာကြောင့် ကြည့်မိတော့ ကိုယ့်မျက်လုံးကိုယ်တောင် မယုံကြည်နိုင် ဖြစ်သွားရတယ်

Soo '' Hello Kai ?? ´´

Kai '' ရှေ့မှာ မြင်နေရတဲ့ ပန်းခြံကို ခဏ လာခဲ့ပေးပါ ´´

ပြောပီး ချက်ချင်း ဖုန်းချသွားတာကြောင့် Soo ဘာမှပြောချိန်တောင်မရလိုက်။ Kai က သူ့ကို ဘာလို့တွေ့ချင်ရတာလဲ။ သူ့ကိုရော ခု စောင့်ကြည့်နေတာလား။ ဘာပဲဖြစ်ဖြစ် တွေးမနေချင်တော့ပါဘူး သူလဲ တစ်ခါလောက် ထပ်တွေ့ချင်နေတာပဲလေ နောက်ဆုံးအနေနဲ့ပေါ့။

Poisonous Loveजहाँ कहानियाँ रहती हैं। अभी खोजें