Can you date with me ?

5.6K 528 6
                                    

Luhan စောစောနိုးနေလို့ တစ်ယောက်ထဲ Mart ကို လာခဲ့ပီးမှ စိတ်ထင့်နေမိတယ်။ အဲတာမို့ ဝယ်စရာရှိတာ မြန်မြန်ကောက်ထည့် ဝယ်ပီး ဆေးရုံကို ခပ်သွက်သွက်ပြန်လာခဲ့တယ်။ သူထွက်လာတော့ Hun မနိုးသေးဘူးလေ။ မနှိုးချင်လို့ မပြောဘဲ ထွက်လာခဲ့ပီးမှ စိတ်မချဖြစ် နေမိတယ်။ ဘာကို နောက်ဆံတင်းနေမိမှန်းကို မသိ။

Hun အခန်းနားရောက်ခံနီး တော့ ဆရာဝန်အချို့နဲ့ nurse အချို့ အခန်းထဲ အပြေးအလွှား ဝင်သွားတာ တွေ့တော့ Luhan ထိတ်လန့်သွားပီး အပြေးသွားမိတယ်။ အခန်းဝရောက်တော့ ကုတင်အောက်မှာ သတိလစ်ချင်သလို မျက်ဖြူစိုက်မတတ် ဖြစ်နေတဲ့ Sehun ကိုမြင်လိုက်ရတော့ လက်ထဲကအထုပ် လွှတ်ချပီး Hun ဆီပြေးသွား မိတယ်။

Luhan '' Hun...Hun သတိထားဦးလေ Dr ဘာဖြစ်တာလဲဟင် ´´

Dr '' ခုထိ ခွဲစိတ်မှုမလုပ်ရသေးတော့ အကြောတွေက သိပ်အလုပ်မလုပ်တာကို ကုတင်ပေါ်က အတင်းပြေးဆင်းပုံပဲ။ မျက်ရည်တွေကျနေပုံထောက်ရင် စိတ်ထိခိုက် စရာတစ်ခုခုကြုံထားပီး ခြေထောက်ကလဲ မခံနိုင်တော့ ရှော့ဖြစ်သွားတာပါ ´´

Hun အသိစိတ်နဲ့လူ ကပ်လိုက် မကပ်လိုက် ဖြစ်နေတယ်။ အပေါ်ယံအရေပြားလို့ ထင်ရတဲ့ မျက်ခွံက ခုချိန်မှာ ကျောက်တုံးတစ်တုံးလိုပဲ။ မျက်လုံးဖွင့်မရပေမယ့် အသိတစ်ချက်ဝင်တိုင်း ကျွန်တော့်ကိုယ်ကို လက်နဲ့ဖိနေတာတွေ စကားပြောသံတွေ ပြေးလွှားနေတဲ့ခြေသံတွေ ကြားနေရတယ်။ Hyung..Hyung အသံများလား ? စိတ်ထင်နေတာများလား ? ကျွန်တော် မျက်လုံးကို  ကြိုးစားဖွင့်ကြည့်မိတယ် မရ။ နောက်ဆုံး အားကုန်သုံးပီး ဖွင့်အကြည့် ကျွန်တော့်ကိုယ်ကို အားတစ်ခုကဖိလိုက်တာ ခံစားလိုက်ရပီး ဝါးတားတား အမြင်တစ်ခုကို ပြန်ရလာတယ်။ ကျွန်တော့်ရှေ့မှာရှိနေတာ Hyung လား ဝါးတားတားပေမယ့် သေချာပါတယ် ဒီမျက်နှာလေး ဒီကိုယ်သင်းရနံ့ တွေက သက်သေပဲလေ

Luhan '' Hun သတိရပီလား ´´

အမြင်တွေ တဖြည်းဖြည်း ကြည်လင်လာတာနဲ့ Hyung ပုံရိပ်တွေက ပိုပီပြင်လာခဲ့တယ်။ Hyung ကိုတွေ့တာနဲ့ လွတ်သွားမှာ စိုးလို့ ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်တယ်။ တားဆီးမရ တော့တဲ့ မျက်ရည်တွေက စီးဆင်းလျက်

Poisonous LoveWhere stories live. Discover now