Part-1🔥

8.3K 512 39
                                    

Unicode;

Jeon စံအိမ်တော်ဆီသို့ Hyosung Motorcycle တစ်စီးဟာတစ်ရှိန်တိုးမောင်းနှင်လာခဲ့သည်..
ဆိုင်ကယ်မောင်းသူနောက်မှာထိုင်နေသည့်
ကောင်လေးသည်လည်းသူ့ရဲ့အစီအစဉ်တွေအောင်မြင်လို့တစ်ရှိုက်ရှိုက်နှင့်ငိုနေလေသည်..

~~~

“Kim Seokjin မဆင်းသေးဘဲဘာလုပ်နေတာလဲ..!?”

“.....”

“မင်းကျုပ်စကားနားမထောင်တာနှစ်ခါရှိပြီနော်!!”

မောင်းသူနေရာမှ သူထိုင်နေရာနောက်သို့စူးစိုက်ကြည့်ကာပြောလာတာကြောင့်ဆော့ဂျင်အတွေးတို့ကိုရပ်ကာဆိုင်ကယ်ပေါ်မှာဆင်းလာခဲ့သည်…မရည်ရွယ်ပါဘဲခြံတံခါးလေးကိုလည်းငေးနေခဲ့မိသည်

“မဝင်ဘဲဘယ်ကောင့်ကိုမျှော်နေတာလဲ!”

Seokjin;“မျှော်တော့ဘာဖြစ်လဲ..!?”

“ကျစ်!မင်းတော်တော်ဆိုးနေပါလား!!?ဟမ်!ကျုပ်လက်ကခဏလွတ်သွားတာနဲ့ ဂလန်ဂဆန်တွေလုပ်နေတယ်ပေါ့!”

Seokjin ဘာမှပြန်ပြောတော့ဘဲ အိမ်ထဲသို့ဝင်ရန်လုပ်ပေမယ့် အချည်းအနှီးသာ…~တက်တူးတွေပါသည့်လက်တစ်စုံရဲ့ ဆွဲထားခြင်းကိုခံထားတာကြောင့် သူရုန်းထွက်ဖို့အောင်မြင်ခဲ့ပေ

အပ်ကြသံပင်မကြားရသည့်အချိန် ဟိန်းထွက်လာတဲ့အသံကြောင့် Jeonစံအိမ်မှ အစေခံများသည်လည်း သူတို့သခင်ဒေါသကိုသိကြတဲ့သူတွေမို့ ဘာသံမှထွက်ဘဲခေါင်းတွေငုံ့နေကြလေသည်

𝐋𝐨𝐯𝐞 𝐛𝐮𝐭 𝐂𝐫𝐚𝐳𝐲 Where stories live. Discover now