Part-6🔥

3.7K 387 37
                                    

Unicode;

သူဠေးချိန်းသည့်J&KCompany ကို‌ဆော့ဂျင်နာမည်သာကြားဖူးတာနေရာကိုသေချာသိတာမဟုတ်ဘူး ဒီတိုင်းပဲမေးစမ်းပြီးသွားဖို့ဆုံးဖြတ်လိုက်သည်...

Busကားအဆင့်ဆင့်စီးပြီးဟိုလူ့မေးဒီလူ့မေးနဲ့ နောက်ဆုံးတော့ J&K Company သို့‌‌ဆော့ဂျင်ရောက်ရှိလို့လာခဲ့သည်။

တစ်နေ့တစ်နေ့အချိန်ပိုင်းအလုပ်တွေနဲ့ရှုပ်နေခဲ့တဲ့သူ့ဘဝက ဒီCompanyကြီးကိုလည်းတစ်ခါမှမရောက်ဖူးခဲ့ဘူးဆိုတာဖြစ်သင့်ပါတယ်လေ~

Companyကအထပ်မြင့်တွေအများကြီးနဲ့မို့ မော့ကြည့်လိုက်တာ အကြောတောင်တင်ချင်သွားသည်...အဲ့သလောက်ကို မြင့်မားပြီးကြီးကျယ်ခမ်းနားလွန်းတာ..

Companyအနီးမှာရှိတဲ့ ပန်းခြံလေးကစိတ်သက်သာစရာလေး..ဒီမှာအေးဆေးအလုပ်လုပ်တဲ့လူတွေကိုအားကျလိုက်တာ~သူကတော့အထက်တန်း‌တောင်မနေ့နေ့ကမှအောင်ထားပြီး အသက်ကလည်းငယ်တော့ ဒီလိုနေရာမှာ အလုပ်လုပ်မယ်ဆိုရင်လည်းအလုပ်သင်အနေနဲ့င်ဝင်အုံးမယ်..

အတွေးတို့ကိုလက်စသက်ကာ သက်ပြင်းတစ်ချချလိုက်ပြီးဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်...

Seokjin;"ဟယ်လို သူဠေး ခင်မျ~အိမ်ကိစ္စ‌ဆွေးနွေးဖို့ ကျွန်တော် J&K Company ရဲ့ ရှေ့ဘက်အပေါက်ဝကိုရောက်နေပါပြီ Receptionကို‌ မေးပြီးလာခဲ့ရမလား ခင်မျ? သူဠေးရဲ့အမည်လေးကို ကျွန်တာ်မသိတော့~"

သူစကားမဆုံးသေးဖြတ်ပြောလာသည့်မို့ ကိုယ်ရှိန်သတ်မိသည်..

"အခု‌ရောက်နေတဲ့နေရာမှာ စောင့်နေ!"

သူပြောချင်တာပြောပြီးဖုန်းချသွားပြန်သည်... Billကုန်မယ့်သူက သူလေ~ ဒီလူကBillသ‌မျောတာမဟုတ်ဘဲ လေကုန်မှာ‌သမျောတာထင်တယ်...

𝐋𝐨𝐯𝐞 𝐛𝐮𝐭 𝐂𝐫𝐚𝐳𝐲 Donde viven las historias. Descúbrelo ahora