Part-7🔥

3.4K 371 55
                                    

Unicode;

ဆော့ဂျင်ဒီရက်ပိုင်းအိမ်တောင်ပြန်ကပ်နိုင်
တစ်နေ့တစ်နေ့အလုပ်ပြီးအလုပ်နဲ့တင်အချိန်ကုန်နေသည်...

အိမ်ရွေးမယ့်ပိုက်ဆံကလည်းအခုထိတစ်ဝက်တောင်ပြည့်သေး...ဒါတောင်သူအခုလုပ်‌နေတဲ့တစ်ချို့ အလုပ်တွေကSunwooအကူအညီနဲ့ရလာတဲ့အလုပ်တွေ.. Bar မှာကျန်ခဲ့တဲ့ သူ့ရဲ့ အိတ်နဲ့ဖုန်းကို Sunwoo လာ‌ပေးတော့ သူလည်းတစ်ပတ်အတွင်းအိမ်ရွေးမယ့်အကြောင်း Sunwooကို ပြောပြခဲ့တယ်မို့ သူ့ကိုအလုပ်အကူအညီတွေအများကြီးပေးခဲ့သည်...

အခုလည်း Sunwoo ကျေးဇူးနဲ့ရထားတဲ့ Cafe Shop မှာပန်းကန်ဆေးနေခြင်းဖြစ်သည်...ထင်ထားတာထက်‌ငွေ amount များတဲ့အပြင် နေ့ချင်းလုပ်အားလည်းတော့သူ့အတွက်အဆင်ပြေသွားသည်...

“ဆော့ဂျင်.. ဒီနေ့ Waiter တစ်ယောက်မလာလို့ အစားထိုးဝင်ပေးပါလား? အန်ကယ်လုပ်အားခထပ်ပေးပါ့မယ် ပန်းကန်တွေက လောလော
ဆယ်ပုံထားလည်းရတယ်”

Seokjin;“Nae ရပါတယ် သူဠေး ”

သူ့အဖြေကြားတော့ဆိုင်ရှင်သူဠေးဖြစ်သူမှ ဆော့ဂျင်ခုံးလေးကိုပုတ်ကာပြုံးပြလာသည်...

~~~

Seokjin;“ဘာများသုံးဆောင်မလဲ ဧည့်သည်တို့”

“Cappuccinoနှစ်ခွက်နဲ့ Blueberry Cake နှစ်ခုပေးပါ~”

Seokjin;“Nae ခဏလေးစောင့်ပေးပါ ဧည့်သည်တို့”

ဆော့ဂျင်မှာထားတာလေးတွေကို စားပွဲချပေးပြီး ထွက်အလာ ဆိုင်တံခါးဝမှာရှိတဲ့ ဆည်းလည်းလေးတွေကို တိုက်လိုက်‌လျှင် ထွက်ပေါ်လာတဲ့ဆည်းလည်းသံလေးတွေကြောင့် Customerဝင်လာသည်အထင်နှင့် အပေါက်ကိုလှည့်ကြည့်လိုက်သည်...

𝐋𝐨𝐯𝐞 𝐛𝐮𝐭 𝐂𝐫𝐚𝐳𝐲 Kde žijí příběhy. Začni objevovat