Part-11🔥

3.4K 356 47
                                    

Unicode;

သူကဒီအိမ်မှာ ထိုလူနဲ့တစ်သက်လုံးနေရမယ်တဲ့~
ဒါကဘယ်လိုဖြစ်နိုင်တဲ့စကားကြီးလဲ?
သူ့ဘဝတစ်ခုလုံးပေးပြီးနေရလောက်တဲ့အထိဆိုတာကြီးကတော့သိပ်ဘဝင်ကျဘူး~သူကဒီမှာအလွန်ဆုံးနေရ 3/4နှစ်လို့ထင်ထားခဲ့တာလေ အခုကတစ်သက်လုံးတဲ့ သေချာပြီဒီလူတစ်ခန်းလွှတ်နေတာ...

သူ့တစ်မျိုးလုံးအထိလည်း ခြိမ်းခြောက်ပြောဆိုလာသေးတဲ့ ထိုလူ့ကို သူကရောကြောက်မယ့်သူများထင်နေလား?? ဝေးသေး...

“ကိုယ်နဲ့တစ်သက်လုံးနေဖို့စဉ်းစားနေတာလား? ကိုယ့်ဂျင်ငယ်~”

Seokjin;“ခင်ဗျားကတော်တော်မုန်းစရာကောင်းပါလား!?”

“ကျစ်! မင်း!!!”

စုတ်တစ်ချက်သတ်ကာ အသံကျယ်ကျယ်အော်သံနှင့်အတူ တွန့်ကြုံးထားတဲ့မျက်ခုံးနက်တစ်စုံဟာလည်း ထိကပ်တော့မည့်အတိုင်းပင်~မျက်ဝန်းဝိုင်းတွေဟာလည်း အမဲလိုက်သူတစ်ယောက်လို သူ့ကိုကြည့်နေတာစူးရဲလွန်းလှသည်

Seokjin;“ကျွန်တော်ကဒီအိမ်မှာ ဘာကိစ္စတစ်သက်လုံးနေရာမှာလဲ? စဉ်းစဉ်းစားစားလည်းပြောပါ CEO Jeon Jungkook Shi..”

သူပြောတော့ထိုလူကပြန်ပြောဘဲ ဧည့်ခန်းရှိစားပွဲပေါ်က Cigaretteဘူးကိုယူပြီး  သူ့ကိုကျောခိုင်းကာ လျှောက်လှမ်းသွားသည်..
သူနဲ့ခပ်လှမ်းလှမ်းက စင်ရှေ့တွင်ခြေလှမ်းတို့ရပ်တန့်သွားသည်

𝐋𝐨𝐯𝐞 𝐛𝐮𝐭 𝐂𝐫𝐚𝐳𝐲 Where stories live. Discover now