Unicode;
Jungkook ပြောလိုက်သည့်စကားကြောင့် ဆော့ဂျင်အံကိုတင်းနေအောင်ကြိတ်မိသလို သူ့နားနားကပ်နေသည့် ထိုလူ့ရဲ့မျက်နှာကြောင့်ခန္ဓာကိုယ်ကိုနောက်ဆုတ်လိုက်ကာ ထိုလူ့ဘက်မျက်နှာမူလိုက်ရင်း နဖူးပေါ်ဝဲကျနေသည့် အနက်ရောင်ဆံပင်တွေကိုလည်း ဟန်ပါပါသပ်တင်လိုက်သည်...
“ခင်ဗျားတော်တော်အတ္တကြီးတဲ့လူ..! ”
သူ့အရှေ့မှာ ဒေါသတကြီးဖြစ်နေသည့် ဆော့ဂျင်၏ နီရဲရဲဖြင့်ချစ်စရာကောင်းတဲ့မျက်နှာလေးကို အရသာခံကြည့်ရင်း မဲ့ပြုံးတစ်ချက်ကို ပိုင်နိုင်စွာပြုံးလိုက်သည်...
“ခင်ဗျားလို့ခေါ်တာ များနေပြီနော် အဟင်း...ဒီနေ့တော့ သနားလို့လွှတ်ပေးလိုက်မယ် နက်ဖြန်မနက်ကျရင်ကိုယ်လာခေါ်မယ်
ကိုယ့်ဂျင်ငယ်က အဆင်သင့်ပြင်ထားပေါ့ နော့်
မဟုတ်ရင်တော့ ကိုယ်ကဘယ်လောက်အဆိပ်ပြင်းလိုက်သလဲဆိုတာ မင်းလေးသိအောင်ပြရလိမ့်မယ်”ဆော့ဂျင်စိတ်ပျက်စွာဖြင့်ထိုလူရဲ့စကားတွေကိုနားထောင်နေမိသည်…ထိုလူ့နှုတ်ဖျားကထွက်ကျလာတဲ့စကားလုံးတွေက ထိုးကြိတ်ပစ်ချင်စရာကောင်းလွန်းတဲ့အပြင် မထီမဲ့မြင်မျက်နှာဘေးကပါ စိတ်ပျက်ဖို့ကောင်းလွန်းတာကြောင့်လက်သီးကိုကျစ်နေအောင်သာစုတ်ထားမိသည်။
Jungkook;“ဘာမှမပြောပုံထောက်ရင်လက်ခံတယ်လို့ ကိုယ်သတ်မှတ်လိုက်ပြီ!!”
Seokjin;“ကျွန်တော့်မှာရွေးစရာ လမ်းမရှိလို့ခင်ဗျားမတရားနည်းနဲ့ ဖောက်ထားတဲ့လမ်းကို ရွေးလိုက်တာ သိပ်လျှောက်ချင်နေတယ်လို့တော့ မထင်လိုက်နဲ့!!”