Unicode;
Seokjin;“ခင်ဗျားဆွဲထားတဲ့လက်ကိုလွှတ်လိုက်လည်း ကျွန်တော်သွားတတ်တယ် လွှတ်! နာနေပြီ”
ဆော့ဂျင်လက်ကိုမေးငေါ့ပြီးပြလိုက်တော့ Piercing နဲ့လူကသူ့လက်ကိုတစ်ချက်ကြည့်ပြီးလွှတ်ပေးလာသည်~
Jungkook;“အဟမ်း ထိုင်”
ထို Jeon Jungkook ဆိုတဲ့လူကချောင်းတစ်ချက်ဟန့်ပြီးထိုင်ခုံကိုမေးငေါ့ပြသည်...
Seokjin;“ဒါနဲ့လေ ဟို..ခင်ဗျားက မဟုတ်မှ!?”
ဆော့ဂျင်ဆိုင်ပိုင်ရှင်လားမေးရကောင်းနိုး မမေးရကောင်းနိုးစဉ်းစားပြောနေတုန်း ထိုလူကလေသံမာမာနဲ့ မျက်နှာထားတင်းကာပြောလာသည်...
“ခင်ဗျား ခင်ဗျားနဲ့ ခေါ်နေတာ ဒါနဲ့ဆို ၃ ခါရှိပြီနော် ကိုယ်ဘယ်လိုခေါ်ဖို့ပြောထားလဲ!”
Seokjin;“အမှတ်ကလည်းကြီးလိုက်တာ”
Jungkook;“ထားပါတော့! မင်းခုနကတွေးနေတာမှန်တယ် ဒါကိုယ့်ဆိုင်ပဲ~ လွန်ခဲ့တဲ့ရက်ပိုင်းက သူငယ်ချင်းဆီကနေ မရမကဝယ်ထားရတဲ့ဆိုင်ဆိုပိုမှန်မယ်…”
ဆော့ဂျင်သိချင်နေတဲ့အဖြေကိုထိုးဖောက်စွာပင်Piercing နဲ့လူကပြန်ပြောလာသည်ကြောင့် သူလက်နှစ်ဖက်ကိုယှက်ကာ ခါးလေးကိုင်ပြီးပြန်ပြောလိုက်သည်...ကိုယ့်ရဲ့အလုပ်ရှင်ဆိုတော့လည်း ရိုသေရတာပေါ့~
Seokjin;“ဟုတ်ကဲ့”
“မထိုင်ဘဲ ဘာလုပ်နေတာလဲ ကိုယ်မင်းကိုထိုင်ခုံပေါ် ချီပို့ပေးဖို့လိုအပ်နေတာလား? ဒါဆိုလည်း!!”
ဆော့ဂျင်အနားကို ခြေလှမ်းကြဲတွေဖြင့်ရုတ်တရက်ဆိုလိုချဉ်းကပ်လာပြီး ဆော့ဂျင်ရဲ့ခါးကိုထိကိုင်လာတဲ့လက်နှစ်ဖက်~ လျင်မြန်လွန်းတဲ့
အနေအထားကြောင့် ဆော့ဂျင်လည်းခပ်မြန်မြန်ပင် ထိုလက်တွေကို ပုတ်ချလိုက်သည်~သူကလုပ်ပြီးမှပြန်အားနာသွားသလို~သူ့ဆိုင်မှာအလုပ်လုပ်နေတော့လည်း ဆိုင်ပိုင်ရှင်သူဠေးရဲ့မျက်နှာရိပ်မျက်နှာကဲကိုပဲကြည့်ပြီး နေရမှာမို့သူ့ရဲ့ဒီအပြုအမူကရိုင်းရာကျနေမှာဆိုးတာကြောင့် အပြုံးလေးတစ်ခုအလျင်အမြန်ချိတ်ဆွဲကာ အဆင်ပြေကြောင်းပြန်ပြောလိုက်သည်...