Unicode;
Jungkook လဲကျသွားသည့်ကိုယ်လေးကို အလိုက်သင့်လေးဖမ်းလိုက်ရင်း နှုတ်ခမ်းပါးတို့ကနှစ်လိုဖွယ်ပြုံးမိသည်…~
“ခါတိုင်းလို ကိုယ့်ကိုမေးခွန်းတွေမမေးဘဲ ဂျင်ငယ်ကလဲကျသွားပြီရော်...ကျွတ် ကျွတ် ကျွတ်...ကိုယ့်ကလေးလေး အိပ်ပျော်သွားရှာပြီ…~”
ဂျင်ငယ့်ကိုယ်လေးကို သူ့ရင်ခွင်ထဲအသာ ထည့်လိုက်ပြီး ဆော့ဂျင်ရဲ့မျက်နှာအစိတ်အပိုင်းလေးတွေကို တို့ထိကြည့်မိသည်…သူသိပ်မြတ်နိုးရတဲ့အစိတ်အပိုင်းလေးတွေ…သိပ်လှပြီးသူ့ကိုသိပ်ဆွဲ ဆောင်လွန်းသည်…သူ့ရဲ့ငယ်ရွယ်တဲ့အချိန်ကနေ ယနေ့ အချိန်အထိ သူဂျင်ငယ့်ကလွဲပြီး မည်သူ့ကိုမှမျက်လုံးနဲ့စေ့စေ့တောင်မကြည့်ခဲ့သလို ရင်လည်းမခုန်ခဲ့ဖူးဘူး...ဂျင်ငယ်ကသာ သူ့ရင်ခုန်သံတွေရဲ့ ဘုရင်တစ်ပါးဖြစ်သည်။
“ကိုယ့်ဂျင်ငယ်လေးမျက်နှာချောင်ကျသွားတယ်ကောင်းကောင်းမအိပ်ရဘူးထင်တယ်..
နောက်ဆိုကောင်းကောင်းလည်းအိပ်ရမယ်... ကောင်းကောင်းလည်းစားရမယ်...ကိုယ့်ဂျင်ငယ်လေးကို ကိုယ်ကဘေးကနေ ဘယ်မှမသွားဘဲစောင့်ရှောက်ပေးမှာ…~ ဒီနေရာမှာလည်း မင်းလေးကိုကိုယ်မထားဘူး မင်းလေးကိုဒီမှာပဲထားရင် မင်းလေးကကိုယ့်ကိုထားသွားအုံးမှာ အဲ့ဒါကြောင့်သူများတွေမသိမယ့်နေရာနဲ့ကိုယ့်ဂျင်ငယ်လည်းမသိနိုင်မယ့်နေရာမှာထားရမယ် ဒါမှကိုယ့်ဂျင်ငယ်လေးက ကိုယ့်ဆီကနေ တစ်ဖဝါးမှထွက်သွားလို့မရတော့မှာပေါ့ ဟုတ်ဘူးလား…နော့်...”သူဂျင်ငယ့်ကိုဖမ်းမိတာနဲ့ ကြံစည်ထားတဲ့အကြံတွေကိုအကောင်အထည် ဖော်ဖို့အရင်ဆုံး အိပ်ဆေးထည့်ခြင်းဇာတ်လမ်းစခဲ့သည်~