Unicode;
ဘဝရဲ့ပျော်ရွှင်မှု လွတ်လပ်မှု ငယ်ရွယ်မှု အားလုံးကို ခြိမ်းခြောက်မှုမျိုးစုံနဲ့ ချုပ်နှောင်ထားခဲ့တဲ့တစ်စုံတစ်ယောက်ကြောင့် ဆော့ဂျင်ရဲ့ဘဝတစ်ကွေ့သည်နေ့ခြင်းညခြင်းကိုပြောင်းလဲသွားခဲ့ရသည်…
ဆော့ဂျင်မျက်ဝန်းတို့ကိုမှိတ်လိုက်ကာအတိတ်နေ့စွဲများဆီသို့ခေတ္တမျှသွားရောက်ခဲ့သည်…
~~~
Hoseok;“Baby Seokie…
ဘာတွေလုပ်နေတာလဲ?”ကုတင်ပေါ်တွင်အင်္ကျီတွေခေါက်ပြီးအိတ်ထဲစုထည့်နေတဲ့ Baby Seokie ကြောင့်ဟိုဆော့ Baby Seokie ဘေးဝင်ထိုင်ကာမေးလိုက်ခြင်းဖြစ်သည်…
Seokjin;“ငါ့အင်္ကျီလေးတွေမိဘမဲ့ဂေဟာကိုသွားလှူမလို့လိုက်ခဲ့ပါလား Hoseokie~ အပြန်ကျရင်ဟိုဘက်ရပ်ကွက်မှာရှိတဲ့ ကြောင်ကမ္ဘာဆီလည်းသွားကြမယ်လေ”
Hoseok;“ကြောင်ကမ္ဘာရှိတာလား!?”
“ဟုတ်တယ်လေ အဲ့မှာကြောင်ဂေဟာဖွင့်ထားတာမကြာသေးဘူး ဒါမယ့်ကြောင်လေးတွေတော့အများကြီးပဲ တချို့ကျမမွေးနိုင်လို့လာပို့ကြတယ် တချို့ကျတော့လည်းလေလွှင့်ရင်းကနေရောက်လာကြတာလေ~ ငါကလေးတွေအတွက်အစာတို့ ဆေးတို့သွားလှူမလို့…”
Hoseok;“ငါလည်းလိုက်မယ်…”
“လိုက်ခဲ့ ငါ့ရဲ့Hoseokie လေးကအတော်ဆုံး”
Hoseok ဆော့ဂျင်ရဲ့ဖောင်းနေတဲ့ပါးလေးကို ဖျစ်လိုက်၍ အပြုံးချိုချိုတို့ဖြင့်~
“ငါ့ရဲ့ Baby Seokieလေးလည်း အများကြီးတော်!”
ဒေါက်~
Seokjin;“ဝင်ခဲ့ပါ~”
တံခါးခေါက်သံနှင့်အတူ Baby Seokie အမေဖြစ်သူမှ လင်ဗန်းလေးတစ်ခုဖြင့်အခန်းထဲသို့ရောက်လာသည်~Baby Seokie တို့မိသားစုကသိပ်ကိုနွေးထွေးပြီး စိတ်သဘောထားလည်းကောင်းလွန်းသည်~
![](https://img.wattpad.com/cover/288840814-288-k4222.jpg)