Unicode;
ဆေးရုံရဲ့ အခန်းတစ်ခုရှေ့ကခုံမှာခေါင်းငိုက်စိုက်ကြနေခဲ့တာ ဆော့ဂျင်အချိန်တော်တော်ကြာနေပြီ~
သူဒီလိုအားလျော့နေလို့မဖြစ်တာသိပေမယ့် မိခင်ဖြစ်သူကိုစိုးရိမ်စိတ်တွေမြင့်တက်နေခဲ့သည်..
ဆော့ဂျင်မတ်တပ်ထရပ်လိုက်ပြီး ဆေးရုံအခန်းရဲ့ပြတင်းပေါက်အသေးလေးကနေအထဲကိုချောင်းကြည့်မိတော့ ဆရာဝန်နှင့်သူနာပြုသုံးယောက်က Ommaကိုစမ်းသပ်နေကြသည်...
"အန်တီကသန်မာတဲ့သူမို့ အဆင်ပြေသွားမှာပါ Baby Seokie ...စိတ်အေးအေးထားပြီးငြိမ်ငြိမ်လေးထိုင်နေ..."
Hoseokie ကသူ့ပခုံးကိုပုတ်ပေးရင်း လေသံအေးအေးဖြင့်ထိုင်နေဖို့ပြောသည်..
"ကျေးဇူးပါ..Hoseokie ငါတို့ကိုဆေးရုံခေါ်လာပေးလို့ရော အားလုံးအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်"
"ငါတို့နှစ်ယောက်ကြားထဲမှာဒါတွေမလိုပါဘူး Baby Seokie~"
Hoseokie ကပြောလည်းပြောသူ့ကိုဆွဲဖက်လာသည်...သူ့မှာဒီလိုသူငယ်ချင်းမျိုးရှိတာသိပ်ကံကောင်းတာပဲ~
~~~
ခဏအကြာအခန်းထဲကနေအသီးသီးထွက်လာကြသည့် ဆရာဝန်နှင့် သူနာပြုတို့~
Seokjin;"Doctor ကျွန်တော့် Omma အခြေအနေဘယ်လိုရှိလဲ?"
"အခုတော့ စိုးရိမ်စရာမရှိတော့ပါဘူး ဒါပေမယ့်လူနာရဲ့နှလုံးခုန်ပုံကို ကျွန်တော်သိပ်မကြိုက်ဘူး ပုံမှန်ထက်ကို Weak ဖြစ်နေတယ်"
Seokjin Appa;"အဲ့တာဆိုကျွန်တော်တို့ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ? ဒေါက်တာ"
"အချိန်မှီကုသဖို့အတွက် အချိန်တော့ရသေးတယ်~ဒီလိုဆိုတိုင်းအချိန်ဆွဲပြီးထားလို့ကောင်းတာမျိုးတော့မဟုတ်ဘူး ကျွန်တော်ကတော့ လူနာရဲ့နှလုံးကိုအမြန်ဆုံးအစားထိုးကုသဖို့ လူနာရှင်တွေကိုစဉ်းစားစေချင်တယ် အစားမထိုးရင်နောက်ပိုင်းဖြစ်လာနိုင်မယ့်ဆိုးကျိုးတွေများတယ် "
Seokjin;"ဟုတ်ကဲ့ပါ ဒေါက်တာ"
"ခွင့်ပြုပါအုံး"
ဒေါက်တာကပြုံးပြကာ သူတို့နားမှထွက်သွားသည်~
Seokjin;"Appa ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ?"
![](https://img.wattpad.com/cover/288840814-288-k4222.jpg)