Park-17🔥

2.8K 326 42
                                    

Unicode;

အနက်ရောင်ကိုသာ အဓိကအသုံးပြုထားသည့် Luxury ဆန်ဆန်အခန်းထဲKing Size မွေ့ယာထက်တွင် အပေါ်ပိုင်းဗလာနှင့် Jungkook သည် ညကရေချိန်တော်တော်ကိုက်ပြီးမူးနေခဲ့ပေမယ့် အိပ်မရဘဲ တစ်ညလုံးမိုးလင်းပေါက်သည်အထိ နိုးနေခဲ့သည်~

“ခေါင်းကိုက်လိုက်တာ ဂျင်ငယ် ဂျင်ငယ်..
ကျုပ်ကိုဒုက္ခလှလှတွေပေးထားခဲ့တာပဲ~!”

နံရံကပ်ထားသည့် ငွေမှင်ရောင်နာရီကို
မျက်လုံးလှန်ကြည့်လိုက်တော့ အချိန်အားဖြင့် ၄နာရီတိတိကိုညွှန်ပြနေလေသည်..~

Jungkook;“အစောကြီးရှိသေးတာပဲ
ဂျင်ငယ်ကိုယ့်ကိုထားခဲ့တာ တစ်ရက်ပြည့်ဖို့
၄နာရီ၈မိနစ်ပဲလိုတော့တယ်…!”

Jungkook CCTVက နေ သူ့ဂျင်ငယ်
သူ့ဆီကနေ ထွက်သွားတဲ့အချိန်ကိုပါမှတ်မိနေခဲ့မိသည်အထိ သူကအဲ့သလောက်ထိကို ဂျင်ငယ့်ပေါ်ရူးသွပ်တွယ်တာမိနေသည်...။

Jungkook အိပ်ပျော်တဲ့အဆုံး သူ့အခန်းထဲမှာပဲတည်ရှိသည့် လျှို့ဝှက်ခန်းဆီသွားဖို့ ခြေလှမ်းတို့ဦးတည်လာခဲ့သည်~

အဝတ်အစားအခန်းက နံရံကိုတွန်းလိုက်လျှင်
သူတစ်ယောက်တည်းလာလာနေကျ အနက်ရောင်လျှို့ဝှက်ခန်းလေးက ကြိုဆိုနေသည်~

ထိုအခန်းသည် လျှို့ဝှက်ခန်းဆိုတာထက်
ဂျင်ဂျင့်ရဲ့ရဲ့ငယ်ငယ်ကနေအခုချိန်ထိ CCTVက နေယူထားတဲ့ပုံတွေ အပြင်တခြားရှု‌‌ထောင့်မျိုးစုံကပုံ တွေပါကျန် အနက်ရောင်သုတ်ဆေးနံရံပေါ်တွေလှပစွာနေရာယူနေလေသည်...

𝐋𝐨𝐯𝐞 𝐛𝐮𝐭 𝐂𝐫𝐚𝐳𝐲 Where stories live. Discover now