Part-12🔥

2.9K 337 48
                                    

Unicode;

သာယာလှပတဲ့နံနက်ခင်းလေးမှာဆော့ဂျင်တစ်ယောက် ခရမ်းရောင်Hoddieဝမ်းဆက်လေးဖြင့် လှေကားထစ်‌တွေကိုကျော်ဖြတ်ကာ
ဘေးလွယ်အိတ်တစ်လုံးလွယ်ဆင်းလာခဲ့သည်~

သူ‌ဒီနေ့ Omma ဆီသွားမယ်~ Operation ဝင်မယ့် Omma ဘေးသူရှိနေမှဖြစ်မည်လေ~

သူဒီအိမ်မှာနေရတဲ့တစ်ပတ်အတွင်းမှာအဆင်ပြေပြေရှိတယ်ဆိုရုံလောက်တော့ပြောရမည်.အလုပ်မလုပ်ရ‌ပေမယ့် သူကစောင့်ကြည့်ခံနေရသလိုပင် အိမ်ထဲကအိမ်ပြင်လည်းမထွက်ရပဲ သူကအိမ်စောင့်လုံးလုံးကိုဖြစ်နေတာ.. ဒီအိမ်မှာသူဘယ်နှနှစ်နေရမလဲဆိုတာလည်းအခုထိမသိရသေးဘူး…Jeon Jungkook ဆိုတဲ့လူကလည်းတစ်ခါတစ်ခါအပြောမကောင်းပေမယ့်အရမ်းကြီးအဆင်မပြေတာမဟုတ်လို့ တော်သေးသည်…

ဗိုက်ထဲကတစ်ခွီခွီမည်နေ‌တဲ့အသံကြောင့် Dining Room ထဲဝင်လာခဲ့သည်ဘယ်သူမှရှိဘူးအထင်နှင့် Supertuna သီချင်းလေးညီးပြီးဝင်လာခဲ့ချိန်...

“super အယ်....”

Coffee ခွက်ကိုကိုင်ထားပြီး သူ့ကိုစိုက်ကြည့်နေသည့် Jeon Jungkook ဆိုတဲ့လူ~ရှက်ရှက်နဲ့ခေါင်းသာကုတ်မိနေတော့သည်~

“နိုးလာပြီလား?
ကိုယ်ကခဏနေတောင်လာနှိုးတော့မလို့ ကိုယ့်ဂျင်ငယ်ညကလည်းအစောကြီးအိပ်ပြီး မနက်နောက်ကျမှာထနေရင် ခေါင်းကိုက်နေမှာဆိုးလို့!”

ဆော့ဂျင်အဆင်ပြေကြောင်း အရှက်ပြေပြုံးပြလိုက်သည်...

Jungkook;“ထိုင်လေ ဒီမှာကိုယ့်ဂျင်ငယ် ကြိုက်မယ်ထင်တာတွေတော့စီစဉ်ခိုင်းထားတယ် မကြိုက်ရင်ပြောနော် ထပ်လုပ်ခိုင်းလိုက်မယ်~”

Seokjin ထမင်းစားပွဲပေါ်အကြည့်ပို့လိုက်တော့ မုန့်တွေပြင်ထားလိုက်တာများ ပွဲဈေးတန်းထပ်တောင်စီသေးတယ်...
ခါတိုင်းလည်းဒီလိုမျိုးတွေများနေပေမယ့် ဒီနေ့မှစားစရာတွေကပိုများနေသလို~

𝐋𝐨𝐯𝐞 𝐛𝐮𝐭 𝐂𝐫𝐚𝐳𝐲 Where stories live. Discover now