CTD - 1 (Unicode)

113K 3.9K 327
                                    

အပိုင်း (၁)

တက္ကသိုလ်များ၏ပုံမှန်ကျောင်းစဖွင့်သည့်ရက်မှ စ၍ ၁ပတ်လောက်က လူစုံလေ့မရှိသေး။ သက်ဆိုင်ရာ ဆရာ၊ ဆရာမများကလည်း စာစမသင်သေး၍ ညီမိုးယံတစ်ယောက် တစ်ပတ်ခန့်ကြာမှသာ ကျောင်းကို လာခဲ့သည်။ ၁၀တန်းအောင်မှတ်ကလည်း ၄၀၀နှင့်အထက်သာ ရသည်မို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌သာ အင်္ဂလိပ်စာမေဂျာကို တက်ရောက်ခွင့်ရသည်။

နေတာက အုတ်ကျင်းမှာမို့ လှိုင်သာယာထန်းတပင်သို့ ရောက်သည့်ကားကလည်း ၂၁/၂၂ နံပါတ်ပါသောကားများဖြစ်၏။ မနက်အိပ်ရာထချိန် ၇နာရီ၊ ရေချိုးပြင်ဆင်ပြီး မနက်စာစားနှင့် ၈နာရီခွဲမှသာ ကားပေါ် ရောက်သည်။ ပုံမှန်အားဖြင့် ကားကလည်း ဂိတ်ဆုံးစီးရသည်မို့ အနည်းဆုံးကားပိတ်တာနှင့် ၁နာရီ၊ ၁နာရီခွဲ ဝန်းကျင်လောက်ကြာပြီးမှ တက္ကသိုလ်သို့ ရောက်သည်။

နေရာလေးရလို့ ထောင့်ကပ်ထိုင်ပြီး နားကြပ်လေး ကောက်တပ်လိုက်သည်။ ဦးစွာ အင်တာနက်ပေါ်တက်ကြည့်လိုက်ပြီး West Yangon University ဆိုသည့် group ထဲသို့ ဝင်ကြည့်လိုက်မိသည်။ ကျောင်းစတက်သည့် မောင်၊မယ်အသစ်များ အဆင်ပြေချော့မွေ့စေချင်ခြင်း အလို့ငှာ စီနီယာကျောင်းသားများက မည်သည့်မေဂျာက ဘယ်အဆောင်ဖြစ်ကြောင်း ဓာတ်ပုံရိုက်တင်ပေးထားကြသည်။ တချို့ကျောင်းသားများကလည်း ရည်စားလိုချင်နေပြီဆိုသည့် post များကို တင်နေကြပြီ။

ယနေ့မှ ကျောင်းစတက်ကြမည် ဖြစ်သော်လည်း စာအကြောင်း မဆွေးနွေးကြဘဲ ဘယ်လှေကား၌ ဘယ်သူ့ကို ဝင်တိုက်မည် ဘာညာက ရှိသေးသည်။ သူတို့ဟာနှင့် သူတို့တော့ ဟုတ်နေသည်မို့ ညီမိုးယံနှင့် မသက်ဆိုင်။

(ကျွီ!)

// ဟဲ့ ဘာတုန်း! //

လှိုင်သာယာအဝိုင်းနားရောက်၍ ကျောင်းလမ်းထဲသို့ ဝင်ခါနီး ကားက ရုတ်တရက် brake အုပ်လိုက်သည်မို့ ညီမိုးယံလည်း အရှေ့သို့ ငိုက်ကျသွားသည်။

ကားလမ်းအနေအထားက ဘယ်ညာနှစ်စီး အပြိုင်သွား၍ ရလောက်အောင် ကျယ်မနေလေတော့ တစ်ကားပြီး တစ်ကား စောင့်ဝင်ရသည်။ ဘေးဘက်မှာလည်း ချုံပင်တွေနှင့်မို့ ကားမှန်ကို ချက်ချင်း ပိတ်ထားလိုက်ရသည်။

CTD [Completed]Where stories live. Discover now