အပိုင်း (၁၆)
နောက်တစ်နေ့ ကျောင်းစာသင်ချိန်၌လည်း စာထဲ၌ အာရုံမစိုက်ဘဲ အရှေ့က ဆရာမ လှမ်းသည့်ခြေလှမ်းတိုင်းကို ဘယ်ညာ ရည်တွက်နေကြသည်။ ဆရာမကတော့ သူတို့နှစ်ယောက်ကို မနိုင်၍ လွှတ်ထားလေသည်။
" ညီ ဆရာမ အခန်းထဲမှာ လမ်းလျှောက်နေတာ ခြေလှမ်းပေါင်း ၂၃၈ ရှိပြီ"
" အခု ၂၃၉"
" ၂၄၀"
" ၂၄၁"
" ၂၄၂"
" ဟဲ့ ဟိုနှစ်ကောင် နင်တို့ နှစ်ယောက် အခန်းထဲက ထွက်သွားမလား၊ ငါ ရိုက်ထုတ်ရမလား"
" ဗျာ...ဆရာမ တကယ် ပြောနေတာလား၊ ကျေးဇူးပဲ၊ သားတို့ အပြင်သွားထွက်ချင်နေတာ လာ အသက် ထ"
ဆရာမခမျာ စာသေချာလိုက်သင်မလားဟု ဆူခဲ့မိသမျှ အခုတော့ နှစ်ယောက်အတူ ပခုံးဖက်ပြီး အခန်းအပြင်ကို ထွက်သွားကြလေသည်။ စာဆက်သင်ရမလား။ ပြန်လိုက်ခေါ်ရမလားပင် မသိတော့ပါ။
ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ ကန်တင်းကို ရောက်လာတော့ အစ်မတို့သည်လည်း မနက်ကတည်းက အတန်းပြေးလာကြပုံ ရသည်။ အဖွဲ့လိုက် တစ်နေရာကို ငေးကြည့်နေကြပြီး ဟားနေကြ၏။
ထိုအချိန် ညီမိုးယံသည်လည်း ဖုန်းကို ထုတ်၍ status တစ်ခု တင်လိုက်သည်။ အသက်ကတော့ ဘာစာတွေ ရိုက်နေသလဲဟု ချောင်းကြည့်နေသည်။
" ဘယ်သူ့ဆီ စာပို့နေတာလဲ"
" မဟုတ်ဘူး၊ post တင်နေတာ"
" ဘာ post လဲ"
" ဒီမှာလေ 5plus မှာ သရဲကားတစ်ခုလာနေတာ၊ အဲ့ဒါ ရည်းစားမရှိတဲ့လူတွေ မကြည့်သင့်ဘူးလို့ ကြိုအသိပေးနေတာ၊ သူတို့ကို စိတ်ပူလို့တော့ မဟုတ်ပါဘူး မောင့်မှာ အသက်ရှိတာ ကြွားချင်ရုံ"
" ဪ..."
သူများကို ဟားတိုက်နေသည့်ရွှေလဝင်းတို့အုပ်စုမှ ထွက်လာသောအသံ ဖြစ်၏။ ဒေါင်းသက်ညိုကတော့ ပေါက်ပေါက်ရှာရှာ လုပ်နိုင်လွန်းသောညီ့ကို မနိုင်၍ လွှတ်ထားရသည်။
" နင်တို့ ဝိုင်းပြောင်းထိုင်လိုက်ပါတော့လား"
" ဟီးဟီး အစ်မတို့ကလည်း"
YOU ARE READING
CTD [Completed]