Final (Zawgyi)

18.3K 879 36
                                    

(ဇာတ်သိမ်းပိုင်း)

ဒီနှစ်ပိုင်းအတွင်း ရဲမင်းခေါင်သည် စီးပွားရေးလုပ်ငန်း၌ ပျောက်နေခဲ့ပြီး ညီဖြစ်သူကို ဦးဆောင်စေလျက် မှောင်ခိုဈေးကွက်ကို ချုပ်ကိုင်ထားသည်။ သူတို့လူမှ မဟုတ်ဘဲ တရားမဝင် တင်သွင်းလာသည့်ဘယ်ဂိုဏ်းကမဆို ရဲကင်းကို သတင်းပေးပြီး စစ်ဆေးမေးမြန်း၍ ဖမ်းဆီးစေသည်။ သိပ်ဉာဏ်ကောင်းသည့်ရဲမင်းခေါင်သည် အဂ္ဂမင်းညိုတို့ ခိုးထုတ်ရန် ပြင်နေသောသစ်ကားကို မော်လမြိုင်ဘက်ရှိ နယ်ထိန်းရဲဆီ သတင်းပေးပြီး တိုက်ခိုက်ခဲ့သည်။ ထိုလုပ်ရပ်ကား အဂ္ဂမင်းညိုကို သွေးအေးစိန်ခေါ်လိုက်သည့်လုပ်ရပ်ဖြစ်ပြီး သူ လိုချင်သည်က အဂ္ဂမင်းညို လုပ်စားနေသောအကွက်အကွင်းကိုပင်။ မှောင်ခိုလုပ်ငန်းတွင် အဂ္ဂမင်းညိုဆိုသည့်နာမည်ကို မသိသူမရှိ။

ညီမိုးယံဆိုတာ သူ့အတွက် အသုံချလို့ ရသည့်လက်နက်တစ်ခုထက်မပို။ သူ့ညီ၏သားက အဖေအရင်းကိုတော့ မပစ်ပယ်နိုင်လောက်ဘူးဟု သူ တွက်ဆသည်။ နောက်ပြီး ညီမိုးယံဆိုတာ ဒေါင်းသက်ညို၏အားနည်းချက်တစ်ခု ဖြစ်နေပြန်၏။ အနာဂတ်မှာ ညီမိုးယံက သူ့အတွက် ထက်လှသည့်ဓားတစ်ချောင်း ဖြစ်လာပေလိမ့်မည်။

သူ့ညီနှင့် ညီမိုးယံကို ပေးသိလိုက်ရသည့်ရည်ရွယ်ချက်က အချိန်တန်ပြီမို့လို့ နောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်ရုံသာ။ သူ့လိုလူအတွက် မေတ္တာတရားဆိုသည့် စကားလုံးက သိပ်ရယ်စရာကောင်းလွန်း၏။

/~/

ဒေါင်းသက်ညိုသည် ချွေးတလုံးလုံးကျလျက် အိပ်မက်ဆိုးမှ နိုးထလာချိန် သူ့ဘေး၌ ရှိနေသောညီ့ကို လှမ်းစမ်းလိုက်မိသည်။ သို့သော် ညီဟာ သူ့ဘေး၌ ရှိမနေခဲ့။ ထိုအစား အေးစက်နေသောအိပ်ရာခင်းကိုသာ ထိတွေ့မိ၏။

" ညီ! ညီ ဘယ်မှာလဲ"

သူလည်း ခုတင်ပေါ်မှ ပြေးဆင်း၍ အခန်းအပြင်ထွက်ရန် ပြင်လိုက်စဉ် အခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး ညီ ဝင်လာသည်။ ထိုအခါ သူလည်း ညီ့အနားသို့ အပြေးသွားလျက်။

" ညီ! ကိုယ့်ကို မှန်မှန်ပြော၊ ညက ဘယ်သွားနေတာလဲ"

" ပြောပြမယ်၊ အသက် ထိုင်ပါဦး"

CTD [Completed]Where stories live. Discover now