အပိုင်း (၂၂)
ညီက အခန်းထဲမှ ထွက်သွားတော့ ဒေါင်းသက်ညိုလည်း ဒေါ်မိုးဦးချိုကို စူးရဲစွာ စိုက်ကြည့်လျက် သူ့အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် သူ့အရှေ့၌ ခြေစုံရပ်ချလိုက်တော့ ဒေါ်မိုးဦးချိုကလည်း သူ့ထက် အရပ်ရှည်သော ဒေါင်းသက်ညိုကို ပြန်မော့ကြည့်လာသည်။
" ဒါဆို ခင်ဗျားယောကျ်ားက ဘာလို့ ညီ့ကို လုပ်ကြံဖို့ ကြိုးစားရတာလဲ"
" ဘာ!"
ဒေါ်မိုးဦးချိုသည် မယုံသင်္ကာဖြင့် ဒေါင်းသက်ညိုကို ပြန်ကြည့်နေရင်း ခေါင်းတခါခါ။ သူ့ပုံစံက ဒေါင်းသက်ညို၏စကားများကို ခါးခါးသီးသီး ငြင်းဆန်နေပုံ ပေါ်၏။
" ညီမင်းခေါင်က ယုံတမ်းစကားတွေ ဒလဟော ပြောတတ်ပေမဲ့ သူ့ရင်သွေးကိုတော့ သူ လုပ်ကြံမှာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်"
ဒေါ်မိုးဦးချိုသည် သူ့အချစ်ဦးကို မည်မျှပင် စိတ်နာသည် ဆိုဦးတော့ ယနေ့ထက်ထိ သူ့အပေါ် အခိုင်အမာ ယုံကြည်နေသေးတုန်းပင်။
" ကျောင်းမှာ ညီ့ကားကို နှောက်ယှက်တဲ့ကားပေါ်ကို စောနက ခင်ဗျားယောကျ်ား တက်စီးသွားတာ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်လိုက်တယ်"
" မဖြစ်နိုင်ဘူး၊ မင်း လိမ်နေတာ"
" ဒေါင်းသက်ညိုဆိုတာက ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်တဲ့လူစားမျိုး မဟုတ်ဘူး၊ ခင်ဗျားတို့ ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေပဲ ရှိရှိ ကျွန်တော် ဂရုမစိုက်ဘူး၊ ညီ့ကို လာထိခိုက်ရင်တော့ ကျွန်တော် ဂရုစိုက်ရလိမ့်မယ်"
ထို့နောက် တွေဝေငေးငိုင်လျက် ရှိနေသောဒေါ်မိုးဦးချိုကို ထားခဲ့ပြီး ညီ့ကို လိုက်ရှာရန် အခန်းထဲမှ ထွက်လာခဲ့သည်။ အရင်ဆုံး ညီ့အခန်းထဲကို ဝင်သွားလိုက်တော့ ခုတင်ဘေး၌ ငူငူငိုင်ငိုင် ထိုင်နေသော ညီ့ကို တွေ့ရသည်။
" ညီ..."
ညီမိုးယံက သူ့အနား ရောက်လာသော ဒေါင်းသက်ညိုကို မြင်တော့ ချက်ချင်း ပခုံးနှစ်ဖက်ကို လာဆုပ်ကိုင်သည်။ ထို့နောက် ငိုထား၍ နီရဲနေသေးသောမျက်သားများနှင့် ဒေါင်းသက်ညိုကို မျှော်လင့်ချက်တစ်ခုကို ဖမ်းကိုင်မိသလိုမျိုး စိုက်ကြည့်ပြီး ဆိုလာသည်။
YOU ARE READING
CTD [Completed]