CTD - 10 (Unicode)

16.4K 1.3K 63
                                    

အပိုင်း (၁၀)

စာမေးပွဲရက်ဖြစ်၍ ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ နှစ်ယောက် အခန်းထဲ၌ စာကျက်နေကြသည်။ ခုံနံပါတ်ကလည်း ရှေ့ဆင့်နောက်ဆင့် ဖြစ်တာကြောင့် ခိုးချကြရန်လည်း တိုင်ပင်ထားကြသည်။

" ကျက်ခိုင်းတာ ၆ပုဒ်၊ ၃ပုဒ် ပါမယ်၊ အမှတ်၃၀၊ tuto က ၂၀ ဆို အောင်ပြီပေါ့"

" ဟုတ်တယ်လေ၊ မင်း အဲ့ဒီ ၆ပုဒ်ကိုပဲ အရင်ရအောင် ကျက်စမ်းပါ"

" မောင် စဥ်းစားနေတာက ၃ပုဒ်တည်း ပါမှာလေ၊ မောင်တို့က ဘာလို့ သူတို့ ပေးတဲ့ ၆ပုဒ်လုံး ကျက်ရမှာလဲ"

" ညီ မင်းကတော့၊ ၆ပုဒ်လုံး ကျက်ကွာ"

" အသက် စာတစ်ပုဒ်ရတိုင်း ၁ခါနမ်းရအောင်၊ အဲ့ဒီလို ကျက်မှ မောင်က ရမှာမို့"

" အင်းပါ၊ အာဘွားအများကြီး ပေးမယ်၊ ကျက်"

" ဟုတ်ပြီ၊ မောင်တို့လို ကောင်လေးရှိတဲ့ သူများကျတော့လည်းနော် ကံကောင်းလိုက်တာ၊ ဘေးနားမှာ power bank က အဆင်သင့်၊ အခုဆို အစ်မရွှေလဝင်းတို့ အုပ်စုတော့ ဘယ်လိုများ နေမလဲ မသိဘူး"

စာကောင်းကောင်းမကျက်ဘဲ စကားများနေသော ညီ့ကို ဒေါင်းသက်ညိုလည်း မျက်စောင်း လှမ်းထိုးလိုက်သည်။ ခုတင်ပေါ်မှာ မှောက်ပြီး ခြေထောက်နှစ်ချောင်းထောင်၍ တတွတ်တွတ် ပြောနေတာ အခုထိ မရပ်သေး။ အနားသွားထိုင်ပြီး ညီ့တင်ပါးကို ကိုင်လိုက်တော့မှ ချက်ချင်းလန့်ပြီး ထထိုင်သည်။

" အသက် မနက်စာမေးပွဲနော်"

" အင်း ညီ စာမကျက်ဘူးမလား"

" ဟင် မောင် အခုကျက်မှာ အခု"

" အင်း ပြီးရော"

ဒေါင်းသက်ညိုကို လန့်ပြီး ညီမိုးယံတစ်ယောက် ချက်ချင်း စာရွက်ကောက်ကိုင်တော့သည်။ အတန်း ပုံမှန်မတက်ကြသူတွေမို့ စာမေးပွဲနီးတော့ မိတ္တူဆိုင်မှာ စုပြုံပြီး မိတ္တူသွားဆွဲထားရတာ။

ဒေါင်းသက်ညိုကလည်း ညီ့အနားမှ ပြန်ထသွားပြီး သူ့စာသူ ပြန်ကျက်နေသည်။ နှစ်ယောက်လုံးက အသံ တိုးတိုးတိတ်တိတ် ကျက်တတ်သူများမို့ အဆင်ပြေသည်။ တစ်ပုဒ်ရသွားတော့ တစ်ခါ နမ်းကြပြန်သည်။ သူတို့နှစ်ယောက်၏စာကျက်နည်းဟာ သူတို့ဘာသာ သူတို့တော့ ဟုတ်နေတာပဲ။

CTD [Completed]Where stories live. Discover now