CTD - 9 (Unicode)

17K 1.4K 144
                                    

အပိုင်း (၉)

မနက်ဖြန်က ကျောင်းသင်္ကြန်နေ့ ဖြစ်၍ အစ်မတို့ကလည်း သူတို့နှစ်ယောက်ကို နောက်ကျမှ ပြန်ရန် အတင်းဆွဲသည်။ မေဂျာအတွက် မဏ္ဍပ်ဆောက်တာတွေ၊ ဘာတွေ ဝိုင်းကူပေးပါဟု အကူအညီတောင်းတော့လည်း လက်ခံပေးရသည်။ သို့ရာတွင် အားလုံးပြင်ဆင်လုပ်ကိုင်ပေးပြီးတော့ ညနေ၅နာရီ ကျော်သွားပြီ ဖြစ်၏။ ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့၏ကိုယ်ပေါ်မှာလည်း ချွေးတွေနှင့်။ ဒါတောင် ညီမိုးယံက သူ့အင်္ကျီကို ချွတ်ပြီး အသက်ကို ချွေးသုတ်ပေးနေသည်။

" အမလေး...ရိန်းရဲ့ခန္ဓာကိုယ်က ကြည့်လို့ ကောင်းလိုက်တာ"

" ဗလကြီးတွေကို ငါတော့ သွားကိုင်ကြည့်ချင်တယ်"

" အဲ့ဒီခါကျ ဒေါင်းက နင့်သောက်ခွက်ကို စုတ်ပြတ်သတ်သွားအောင် ထိုးလိမ့်မယ်"

သဲလစု၏စကားကြောင့် ရွှေလဝင်းမှာ နင်သွားရှာပြီး ကိုယ့်မျက်နှာကိုယ် နှမြောစိတ်ဖြင့် ကိုင်ကြည့်လိုက်သည်။

" ညီ အင်္ကျီ ပြန်ဝတ်တော့၊ အင်္ကျီကျွတ်နဲ့၊ ကောင်မလေးတွေ ဝိုင်းကြည့်နေပြီ၊ မရှက်ဘူးလား"

" မရှက်ပါဘူး"

" ပြန်ဝတ်လို့၊ ကိုယ် မကြိုက်ဘူး၊ ကိုယ်က လွဲပြီး ညီ့ခန္ဓာကိုယ်ကို တခြားလူတွေ မမြင်စေချင်ဘူး၊ ပြန်ဝတ်"

" ပြီးရောဗျာ..."

ထို့နောက် ချက်ချင်း အင်္ကျီပြန်ဝတ်၍ အစ်မတို့ကို နှုတ်ဆက်ပြီး အဆောင်ကို ပြန်ခဲ့ကြသည်။ အဆောင်ပြန်ရောက်တော့ ရေအတူ ချိုးကြပြီး ထိုးကြိတ်ဆော့ကြပြန်သည်။ ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေကြောင့် ဘေးအခန်းက ကျောင်းသားတွေမှာလည်း အေးဆေးမနေရ။

" ဟျောင့်! သူတို့ ရန်ဖြစ်နေကြတာလား မသိဘူး၊ သွားဆွဲရအောင်"

" စပ်စပ်စုစုကွာ၊ အချစ်စမ်းနေတာ၊ သွားဆွဲရင် ငါတို့ကြားက အထိုးခံရလိမ့်မယ်"

သားကို လာတွေ့သည့်အဂ္ဂမင်းညိုမှာလည်း အခန်းဝ၌ ဒီအတိုင်းသာ ရပ်နေရသည်။

" Boss ရန်ဖြစ်နေကြတာလား မသိဘူး၊ ဝင်ထိန်းရအောင်"

" ထားလိုက်၊ သေတဲ့ကောင် ငါကိုယ်တိုင်မြှုပ်မယ်၊ ပြန်ရအောင်"

CTD [Completed]Where stories live. Discover now