CTD - 15 (Unicode)

13K 1K 44
                                    

အပိုင်း (၁၅)

လှိုင်မြစ်ကမ်းဘေး၌ နှစ်ယောက်အတူ ထိုင်ကြရင်း လေကောင်းလေသန့် ရှူနေကြသည်။ မနီးမဝေးရှိ တံတားမှ မီးအလင်းရောင်​သည် မြစ်ကမ်းဘေး၌ သူတို့နှစ်ယောက်ကိုတော့ တစ်ယောက်မျက်နှာ တစ်ယောက် မြင်နိုင်ရုံ မှိန်ဖျဖျ လင်းပေးနေသည်။ တံတားပေါ်၌ ကားလေးငါးစီး ဖြတ်သန်းသွားလာ နေကြရုံမှ အပ ရေလှိုင်းကြက်ခွပ်သံလေးတွေသာ ကြားရပြီး အေးချမ်းနေ၏။

" ရေသံလေးတွေက စိတ်ကို အေးမြစေသလို အသက်ရဲ့အသံလေးကလည်း မောင့်အသွေးအသားတွေကို ပူလောင်စေတယ်"

" ဘာ! ကိုယ့်အသံကြားရင် ညီက ပူလောင်တယ်ပေါ့"

" အင်း၊ အိပ်ရာပေါ်မှာ အသက်ရဲ့ညည်းသံလေးတွေက မောင့်အသွေးအသားတွေကို ပူလောင်စေပြီး ဆာလောင်စေတယ်လေ"

" ခွေးကောင်!"

ထိုအခါ ဒေါင်းသက်ညိုလည်း ရယ်ချလိုက်ရင်း ညီ့လက်မောင်းကို လှမ်းထိုးလိုက်တော့ ညီက သူ့လက်မောင်းလေးသူ မနာဘဲ ပွတ်နေသည်။

" ငွေပင်လယ်ဘုရားနဲ့ပတ်သက်ပြီးတော့ ကောလဟာလတစ်ခု ရှိတယ်"

" အင်း ဘာလဲ ညီ"

" မသိဘူး"

" မသိဘူးဆိုရင် ဘာလို့ ပြောနေသေးလဲ"

"ဟားဟား စတာပါ၊ အဲ့သည့်နဂါးရုံဘုရားနဲ့ ဓာတ်ပုံတွဲ မရိုက်ရဘူးတဲ့"

" ဟယ်...ဘာလို့"

" မင်းမေကြီးတော် ဟယ်တဲ့! ဟားဟား!"

ဒေါင်းသက်ညို၏စလိုက်သံ​ကြောင့် ရယ်နေသောညီ့ပုံကို ကြည့်၍ ညီ့နှုတ်ခမ်းလေးကို လှမ်းနမ်းလိုက်သည်။ ညီကလည်း ရုတ်တရက်မို့ ငြိမ်သွားပြီး သူ့ကို ပြန်စိုက်ကြည့်နေ၏။

" ဆက်ပြောလေ၊ ရယ်မနေနဲ့"

ထိုအခါ ညီက သူ့နှုတ်ခမ်းသူ လက်ဖျားလေးဖြင့် ထိကိုင်ထားရင်း ချက်ချင်း မတ်တတ်ထရပ်သည်။

" အား! ရေပြင်ကျယ်ကြီးရေ! အသက်က ကျွန်တော့်ကို ခင်ဗျားတို့ရှေ့ နမ်းတယ်ဗျာ့! အသက်က ကျွန်တော့်ထက်တောင် အရှက်မရှိဘူးပဲ..."

ရူးတူးတူး ပေါတောတောနှင့် အော်ဟစ်နေသော ညီကြောင့် သူပါ အားရပါးရ ရယ်ချလိုက်ပြီး ညီ့လက်ကို လှမ်းဆွဲ၍ ပြန်ထိုင်ခိုင်းလိုက်သည်။

CTD [Completed]Where stories live. Discover now