အပိုင်း (၂၁)
လက်မောင်းကို ဓားဖြင့် ထိုးခံလိုက်ရပေမဲ့ ဒဏ်ရာက သိပ်မနက်။ ဆည်းဆာအတွက်ဆို ဒီလောက်အနာက မပြောပလောက်ပေ။ သို့ရာတွင် ဆေးရုံသွားလျှင် ဟိုမေးဒီမေး လုပ်ကြမည်ကို စိုးရိမ်သဖြင့် ပုဂ္ဂလိကပိုင်ဆေးခန်းသို့ မောင်းတော့သည်။ သူတို့ဆေးခန်းရှေ့ ရောက်တော့ ဆေးခန်း၌ လူနာသိပ်မများ၍ တန်းဝင်ခွင့်ရသည်။
" ဆရာ"
" ဪ ခုတင်ပေါ်ထိုင်လိုက်၊ ထိုင်လိုက်"
ဆရာဝန်လေးက သဘောကောင်းပြီး သူတို့ဘာဖြစ်လာသလဲဆိုတာလည်း မမေးပါ။ ထိုဆရာဝန်က ဆည်းဆာလက်ကို ဆေးထည့်ပေးနေရင်း အဂ္ဂမင်းညိုဘက်သို့ လှည့်ကြည့်၍
" အော... စောနက အစ်ကိုတွေပဲ"
" အမ် ဪ"
" ထပ်တွေ့ပြန်ပြီ"
ဟိုတယ်ရှေ့မှာ တွေ့ခဲ့သောအတွဲကို အဂ္ဂမင်းညို ပြန်သတိရသွားသည်။
" ဟုတ်ကဲ့ ဆရာ ဒဏ်ရာက"
" ဪ... သိပ်မနက်ပါဘူး၊ ကျွန်တော် ပိုးသတ်ဆေးပေးလိုက်မယ်၊ ဆေးတော့ ပုံမှန်ထည့်ပေး၊ ရေမထိစေနဲ့၊ သုံးလေးရက်လောက်နေရင် ကျွန်တော့်ဆီ ထပ်လာပေးပါ၊ ကောင်တာမှာ ဆေးထုတ်သွားလိုက်နော်"
" ကျေးဇူးပါ ဆရာ"
ဆရာဝန်ပြောသည့်အတိုင်း ကောင်တာမှာ ဆေးထုတ်ပြီး နှုတ်ဆက်၍ ပြန်လာခဲ့ကြသည်။ ကားပေါ်ရောက်တော့ အဂ္ဂမင်းညိုတစ်ယောက် သားဖြစ်သူကို မေတ္တာစပို့ပြီ။
" သမက်ကို ခါးပိုက်ပိုက်ထားမဲ့အစား မြွေပွေးပဲ ဘောင်းဘီကြားထဲ ထည့်ထားတော့မယ်"
" ခင်ဗျား စကားအပိုတွေ ပြောမနေနဲ့"
" ဒေါင်းကြောင့်ကွာ!"
" သားအပြစ်မှ မဟုတ်ဘဲ"
" မင်း အဲ့ခွေးသားကို ကာကွယ်ပြောမနေနဲ့"
" ကျွန်တော်က ခွေးလား၊ အဲ့ဒါဆိုခင်ဗျားလည်း အင်း..."
လက်က ဒဏ်ရာကို ဖိကိုင်ရင်း ဆည်းဆာ စိတ်လျော့လိုက်ရသည်။ ရှိပါစေတော့။
/~/
" အာ့"
" အသက် လမ်းလျှောက်တာ အောက်ကြည့် လျှောက်လေကွာ၊ ဘယ်တွေ လိုက်ငေးနေတာတုံး"
YOU ARE READING
CTD [Completed]