Extra (စာရေးသူတစ်ယောက် CTD ၏ သရုပ်ဖော်နေရာသို့ ပို့ဆောင်ခံရခြင်း)

14.9K 701 113
                                    

(Unicode)

" ဒေါ်လေး ဒီနေ့ ဘာချိန်းလဲ"

" 4.6 ချိန်းလို့ ကြားတယ်"

" ဪ...မော်နက်ကတော့ 83 60 တဲ့၊ 8 bk များ လာမလားမသိဘူးနော်"

" အေး အောင်နိမိတ်မှာတော့ 8 ရဲရဲပတ်ပေးထားတယ်"

" ဒါဆို 8 တစ်လုံး 8 bk ပေါ့"

" အေး၊ ငါတော့ အထိတွေနဲ့ အကုန်ကပ်ထားတယ်၊ 63708 ထိမှ ပေါက်"

" ဟုတ်ပြီ"

စာရေးသူလေးအမရာခွန်းခမျာ ရေးလက်စ fiction များအား ကောင်းစွာအဆုံးမသတ်နိုင်ဘဲ 2D လောကထဲ လုံးလုံးရောက်နေတော့တယ်။ အရင်ကတော့ စာရေးသူအမရာခွန်းပေါ့။ အခုနောက်ပိုင်းကျ 2D အမရာခွန်းဆိုပြီး ဓာတ်ခန်းလေးတစ်ခန်းဖွင့်ရင်း လုံးဘိုင်လေးပေးမလား ကြံဆနေမိတယ်။ 

သည်လိုနှင့် ဂဏန်းတင်ခါနီး bk အပိုင်ပေးနေကျ အဘိုးကလည်း စက်ဘီးတစ်စီးနဲ့ ပြန်ရောက်လာတယ်။ အမရာခွန်းတို့အိမ်ဟာ တစ်အိမ်သားလုံး 2D ထိုးကြတာဖြစ်၍ ရပ်ကွက်ထဲ၌ အဆူညံဆုံးအိမ်ဖြစ်တယ်။ တစ်ခါတလေ အမရာခွန်းရဲ့အဒေါ်တွေ ဟီလာထစကားကြောရှည်နေစဉ် အိမ်ရှေ့က လမ်းသွားလမ်းလာတွေ ဆဲသွားရင်တောင် မသိကြရှာပါဘူး။

" အဘိုး ဒီနေ့ ဘာ bk လဲ"

" 1368 bk"

" ဟ ဒါဆို 8 က အမာပဲ"

" လူလည်ကျ ရွေးထိုးရင် ဖာတန်းရောက်သွားမယ်"

" ဟာ...အဘိုးကလည်း သမီး၇ယောက် မြေးမချည်း ၄ယောက်ရှိတာ တကူးတက သွားစရာလား၊ အိမ်ရှေ့မှာပဲ ဆိုင်းဘုတ်ထောင်လိုက်မှာပေါ့၊ ဟဲဟဲ"

အမရာခွန်းတို့မိသားစုက အဲ့သည့်လိုပဲ။ အိမ်မှာ အဒေါ်အငယ်ဆုံးကတော့ 2D လက်ကြီးသမားပေါ့။ သူကကျ တစ်ပတ်ကို ၁၀သိန်းဖိုးနဲ့အထက် ထိုးနေကျ။ သည်လိုနဲ့ ဟော့ထိပ်ကလေးစောင့်ပြီး ၁၀နာရီမခွဲခင် မြန်မြန်ဂဏန်းတင်လိုက်တယ်။

2D က ၁၂နာရီမှ ထွက်မှာမို့ ဖုန်းလေးဖွင့်ပြီး wattpad ထဲ ဝင်ကြည့်တော့ စာဖတ်သူတွေတော်တော်များများ ကျွန်တော့် fic အောက်မှာ war နေတာ။ အကြောင်းအရင်းကတော့ CTD မှာ ညီမိုးယံက မိန်းကလေးတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့အခန်းပဲ။ စာဖတ်သူတွေကတော့ ထိုနေရာနဲ့ပတ်သက်ပြီး မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ အဲ့သည့်အပိုင်းက မှတ်ချက်တွေဟာ သိပ်စိတ်ဝင်စားဖို့ကောင်းပြီး ပွဲကြည့်လို့ အကောင်းဆုံးအချိန်ပဲ။ ဒါကြောင့် တစ်ယောက်တစ်မျိုးစီ တက်လာတဲ့ကောမန့်တိုင်းကို စိတ်မဝင်စားသလိုလိုနဲ့ ဇီးဖြူသီးလေးစားရင်း စပ်စုနေမိတယ်။ သည်လိုနဲ့ ဘယ်အချိန်အထိ ကြာသွားသလဲမသိ။ ဟိုဘက်ခြံက အဒေါ်ဖြစ်သူရဲ့အလန့်တကြားအော်လိုက်သံကြောင့် စားလက်စဇီးသီးအစေ့ဟာ အာခေါင်ကိုတောင် သွားထောက်ခဲ့ပြီး မျိုချမရ ထွေးထုတ်မရနဲ့။

CTD [Completed]Where stories live. Discover now