CTD - 8 (Unicode)

27.1K 1.7K 220
                                    

အပိုင်း (၈)

ကျောင်းသင်္ကြန်ရောက်ဖို့ နီးနေပြီမို့ အစ်မတို့ အဖွဲ့ကလည်း အကတိုက်နေကြ၍ မအားကြပါ။ ဒီကြားထဲ ကျူရှင်ပြေးပြီး မောင်လေးတို့နှင့် တစ်ရက်အပြင်မှာ မုန့်သွားစားကြမယ်ဆိုပြီး တကဲကဲ လုပ်နေသည်။ သူတို့နှစ်ယောက်တည်းဖြစ်နေပြီး အစ်မတို့လည်း မရှိကြတော့ အခန်းပြင်သို့ မထွက်ဖြစ်တော့ပါ။ အခန်းထဲမှာပဲ မျိုးစုံမွှေကြသည်။

" ဟုတ်ကဲ့ပါ ဆရာမ"

" ဟုတ်ပါတယ် ဆရာမ"

"ဟုတ်တာပေါ့ ဆရာမရဲ့"

" ဟုတ်ပါ့ ဟုတ်ပါ့"

အခန်းထဲ၌ သူတို့နှစ်ယောက်၏အသံတွေချည်းပဲ။ philo ဆရာမ တစ်ခွန်းပြောလိုက်တိုင်း သူတို့၏ထောက်ခံသံအကျယ်ကြီးကို ကြားရသည်။ အတန်းသူ၊ အတန်းသားများကလည်း တခစ်ခစ် ရယ်နေကြသည်။ ရုပ်ချောသည့်ကောင်လေးတွေ အဲ့သည့်လို ပြောင်ပြောင်နောက်နောက် လုပ်တာက သူတို့အတွက် စိတ်အနှောက်အယှက် မဖြစ်စေပါ။

ဆရာမကလည်း သူတို့နောက်နေတာကို မဆူသည့်အပြင် ရယ်နေသည်။ ဘာလို့ဆို သူ့ philo ကလည်း ဘာတွေ ရှင်းပြနေမှန်းမသိ။ မှန်နေတာက မှားတာနှင့်။ မှားနေတာက မှန်တယ် ဆိုတာနှင့်ပဲ ပတ်ရှုပ်နေသည်။ Philo ချိန်ဆို ဘယ်သူမှ မတက်ချင်ကြပေမဲ့ ရိန်းနှင့် ဒေါင်း၏မျက်နှာလိုက်ပြောင်မှုကြောင့် သူတို့ တက်ဖြစ်ကြသည်။ Philo သီအိုရီတွေ ကြားရတိုင်း Philo မေဂျာကို အဓိက ဦးစားပေးယူထားကြသောကျောင်းသားများကို လေးစားမိ၏။

ဆရာမ ထွက်သွားတော့ ညီမိုးယံလည်း အသက်ကို မေးလိုက်သည်။

" အသက်ကို မောင် မေးမယ်"

" ဘာတွေ စားဦးမလို့လဲ"

" မောင် အသက်ကို ချစ်တာက မှန်တာလား၊ မှားတာလား"

" ဟာ တော်ပါတော့၊ အဲ့သည့်သီအိုရီကြီး ဆရာမ ထွက်သွားလို့ ပျော်မယ် ရှိသေး၊ မင်းက လာစားနေတယ်"

" မဖြေသာ ရင်မှာ စိုးထိတ်မှုတွေနဲ့ အကြင်နာ သူမမြင်သာ ရင်မှာ ကွယ်ဝှက်မှုတွေကို ချစ်သူသိပါလေစ"

" ညီ မင်း ဘောဖြစ်နေတာလား "

" ဟာ...အသက်ကလည်း မောင် feel နေတာကို ခဏနေ မြန်မာစာ ဆရာမ ဝင်တော့မယ်မလား၊ အဲ့ဒါကြောင့် ကဗျာလေး စပ်ပြီး feel တာ"

CTD [Completed]Where stories live. Discover now