CTD - 2 (Unicode)

25.8K 2.2K 312
                                    

အပိုင်း (၂)

နောက်တစ်နေ့ကျတော့ ဆရာမက ညီမိုးယံနှင့် ဒေါင်းသက်ညို၏အနားသို့ ကပ်လာပြီး မေးသည်။

" ဟဲ့ နင်တို့နှစ်ကောင် မနေ့က ငါ့အတန်းချိန် ပြေးတယ်မလား"

" အာ...မပြေးပါဘူး ဆရာမရဲ့၊ နေမကောင်းတော့"

" ဘာမှ လိမ်မနေနဲ့၊ နင်တို့ ငါ့ရှေ့ကနေ လှေကားက ဆင်းပြေးသွားတာ တွေ့ပါ့"

ဆရာမကလည်း ချောင်ပိတ်ပြီး မေးနေသည်မို့ ညီမိုးယံတို့ လိမ်လို့ မရတော့၍ အမှန်အတိုင်းသာ ဝန်ခံလိုက်ရသည်။ ဆရာမကတော့ သိပ်မဆူ။

" အတန်းထဲမှာ EC ရွေးမယ်၊ မိန်းကလေး EC ဘယ်သူလုပ်မလဲ"

အတန်းကို ဝေ့ဝိုက်ကြည့်ပြီးနောက် ဘယ်သူမှ တာဝန်မယူ၍ ဆရာမလည်း အရှေ့ဆုံးအတန်းက ကောင်မလေးတစ်ယောက်ကို တာဝန်ပေးလိုက်တော့သည်။

" ဒီတစ်ခါယောကျ်ားလေး ဟို အနောက်က နှစ်​ကောင် နင်တို့ နှစ်ယောက်ထဲက တစ်ယောက်လုပ်"

" အာ...အသက် မင်းလုပ်"

" ညီ...မင်းပဲ လုပ်လိုက်ပါကွာ"

"တော်တော့ လုပ်မနေနဲ့၊ နှစ်ယောက်လုံး အတန်းလည်း မှန်ကြမှာ မဟုတ်ဘူး၊ ဘယ်မှာ ခိုးခိုးပြီး သွားချိန်းတွေ့နေမယ်မသိနဲ့၊ အတန်းမှန်တဲ့ သူတွေထဲက တစ်ယောက်ယောက်လုပ်ပေး"

" ဆရာမ သား တာဝန်ယူပေးပါ့မယ်"

အသားညိုညိုနှင့် သူတို့လောက် အရပ်ရှည်သောကောင်လေးတစ်ယောက်ကမတ်တတ်ထရပ်ပြလျက် ပြောလာတော့ ဆရာမကလည်း လက်ခံလိုက်သည်။

" သားနာမည် ဘယ်လိုခေါ်လဲ"

" စွမ်းထက်နိုင်ပါ"

" အေးအေး"

စွမ်းထက်နိုင်က သူ ပြန်မထိုင်ခင် ဒေါင်းသက်ညို ရှိနေသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်လာသည်ကို ညီမိုးယံ မြင်လိုက်သည်။ ဒေါင်းသက်ညိုကတော့ သူ့မူအတိုင်း ဘယ်သူ့မှ ဂရုမစိုက်တတ်၍ သိမည်မဟုတ်။ ထို့နောက် သိပ်မကြာခင် အတောအတွင်း ဆရာမက ထွက်သွားသည်။

" ဟာ...ပူလိုက်တာကွာ"

" မင်းက အင်္ကျီကြယ်သီးကို လည်စေ့အထိ တပ်ထားတာကိုကွ၊ နှစ်လုံးသုံးလုံးလောက် ဖြုတ်ထားပါလား"

CTD [Completed]Where stories live. Discover now