Episode 1 Unicode

8K 345 6
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး..

အပုိင္း ၁

''တီချယ်. တီချယ်..''

အသံကျယ်ကျယ်ဖြင့်အော်ခေါ်နေတဲ့အသံကြောင့်..မြဝတ်ရည်မေဆိုတဲ့သူမနောက်ကိုလှည့်ကြည့်လိုက်မိသည်..လက်ထဲကကိုင်ထားတဲ့ကျိန်ဆွဲခြင်းလေးအားဆုပ်ကာကိုင်လိုက်မိသည်.ထုံးဖွဲ့ထားတဲ့ဆံထုံးတို့အားသေသပ်လှစွာဖြင့်ပေ။

သစ်ရွက်ခြောက်များကြွေကျနေတဲ့ခရေပင်အရိပ်အောက်တွင်မတ်တပ်ရပ်လျက်သူ့ကိုအော်ခေါ်လာသည့်.ယုယအောင်ဆိုတဲ့ကလေးမသည်သူ့အနားကိုခပ်မြန်မြန်နဲ့လျောက်လာလေသည်..သူ့အနားရောက်တော့မှဘေးမှလွယ်ထားသည့်ကချင်ချည်လွယ်အိတ်လေးထဲမှတစ်စုံတစ်ခုကိုထုတ်လိုက်ရင်း...

'သမီးတီချယ်တွက်ပန်းယူလာတယ်..ကြည့်ပါဦးမလှဖူးလား..'

ပြောလည်းပြော.ပန်းအဝါရောင်အသီးလေးများနဲ့တူတူအရွက်စိမ်းလေးများတွဲခိုနေတဲ့သနပ်ခါးပန်းအချိူ့ကိုသေချာစွာစည်းနှောင်ထားသည့်သရေပင်းအနားလေးအားကိုင်ထားသည့်တက္ကသိုလ်ကျောင်းသူလေးယုယအောင်..

'ဟယ်..သမီးရယ်အဲ့ဒါပဲစောနကတီချယ်အခန်းထဲဝင်တော့ပေးတာမဟုတ်ဖူးကွယ်.ခုတော့ဖြင့်အနောက်ကနေလိုက်ရတာမောနေရောပေါ့.'

တီချယ်ကသူ့ကိုထိုသု့ိဂရုတစိုက်ပြောလာသည်မို့ယုယအောင်လည်းမျက်နှာကလေးပြုံးရွှင်စွာဖြင့်..

'မဟုတ်တာပဲတီချယ်ရယ်..သမီးဖြင့်မမောပါဖူး..တီချယ်တွက်သမီးကိုယ်တိုင်စိုက်ထားတဲ့သနပ်ခါးပန်းလေးအရင်ဦးဆုံးပွင့်လာလို့လေ..အဲ့ဒါတီချယ်ကိုသမီးကိုယ်တိုင်ပန်ပေးမယ်နော်.'

မြဝတ်ရည်မေလည်းထိုကလေးအပြောတို့ကိုလွန်စွာမှနှစ်သက်သဖြင့်ပါးချိူင့်ကလေးများပေါ်သည်အထိပြုံးပြလိုက်ရင်း..

'ကောင်းပါပြီရှင်.ကောင်းပါပြီ..'

ပြုံးပြုံးလေးပြောလာသည့်တီချယ်အားယုယအောင်လည်းသေချာကြည့်ရင်းပြုံးရွှင်စွာနဲ့ပင်ခြေဖျားလေးအနည်းငယ်ထောက်ကာ.တီချယ်ရဲ့ဆံထုံးလေးဘေး၌တရိုတသေနဲ့ပင်.သနပ်ခါပန်းလေးအားပန်ပေးလိုက်လေသည်...

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now