Episode 33 ဇာတ်သိမ်း

5.8K 335 26
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၃၃ ဇာတ်သိမ်း

စက်များအကူညီဖြင့် အသက်ရူနေရတဲ့ တီချယ့်ကို ကြည့်ရင်း ယုယသည်ပင် ရင်ထဲမှ ဆို့တက်လာမိသည်။ ခြေထောက်နဲ့လက်တွေမှာလည်း ပတ်တီးတွေက ဖွေးနေသည်။ မျက်နှာမှာလည်း ဒဏ်ရာတွေရနေသေးသည်။ ဘုရားကယ်ပေးလို့ အသက်ကလေးရှိသာကျေးဇူးတင်ရလိမ့်မည်။ ပြန်တွေးတိုင်း ယုယကို ဘာလို့ကယ်လိုက်ရလဲဆိုတဲ့ အသိက ပိုနာကျင်နေရသည်။ အမြဲဘာလို့ ဦးစားပေးပြီး ဘာလို့အမြဲ အနစ်နာခံနေရသည်လည်းမတွေးတက်တော့ပါ။

ကုတင်ပေါ်က တီချယ့်လက်ချောင်းများကို ယုယလက်များနှင့် ခပ်ဖွဖွဆုပ်ကိုင်မိသည်။ တီချယ် အရမ်းကြောက်နေမှာဆိုတာ ယုယ သိပါသည်။ တီချယ့်အား မနာကျင်စေချင်။ ချစ်ရတဲ့ တီချယ့်အား မထိခိုက်စေချင်ပါ။ ပါးပေါ်ကျနေတဲ့ မျက်ရည်များကို ယုယ လက်ဖြင့် သုတ်လိုက်မိသည်။ ယုယသည်လည်း ငိုနေခဲ့ရပါသည်။

"တီချယ် သေချာနားထောင်နော်။ သမီးက တီချယ့်ကို အရမ်းချစ်တယ်ဆိုတာ မမေ့နဲ့နော်။ အမြဲတိုင်း ကျန်းမာရေးကိုဂရုစိုက်ရမယ်နော် နောက်ပြီးတော့လေ သနပ်ခါးပန်းတွေကိုအမြဲပန်ရမယ်နော် ယုယရဲ့တီချယ့်ကို ယုယက သိပ်တန်ဖိုးထားတာသိတယ်မလားဟင်။ အမြဲတိုင်လည်း ကျန်းမာရေးကိုဂရုစိုက်ရမယ်နော်။"

ယုယ တစ်ယောက်စကားများပြောပြီးသည်နှင့် တီချယ့်ပါးကိုခပ်ဖွဖွလေးနမ်းလိုက်မိသည်။ ကျဆင်းနေတဲ့ မိမိပါးပေါ်ကမျက်ရည်များကို ဥပေက္ခာပြုလို်က်သည်။

"နောက်ပြီးတော့လေ တီချယ် ငိုမနေနဲ့နော်။ ယုယက ဘာပဲဆုံးဖြတ်ဆုံးဖြတ် တီခ်ယ္ကေတာ့ လက်ခံပေးရမယ်နော်။ ဒါတွေအကုန်လုံးကို ယုယက အတ္တကြီးလို့လုပ်တာမျိူးမဟုတ်ဖူးဆိုတာ သိရမယ်နော်"

မကြားနိုင်သူတစ်ယောက်ရဲ့ နား နားသို့ကပ်ကာ ထိုစကားများအားဆိုမိပါသည်။ သိပ်ချစ်ရတဲ့တီချယ်အား လောကမှာ သက်တမ်းစေ့နေစေချင်သည်။ ယုယအပေါ်ကျေးဇူးကြွေးတွေများလှပါပြီ။ ယုယရဲ့ တစ်ခုတည်းသောဆန္ဒက ချစ်ရတဲ့တီချယ်အား ပျော်ရွှင်စေသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now