Episode 14 Unicode

2.6K 217 14
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၁၄

"ဟယ်လို တီချယ်"

ဖုန်းကိုနား နားကပ္ကာ ပြတင်းတံခါးနားမှာ ရပ်နေသည့် ယုယ။

"စာကျက်နေတယ်ထင်နေတာ အနှောက်ယှက်မဖြစ်စေချင်လို့ ခုမှခေါ်လိုက်တာလေ"

တစ္ဖက္က ထြက္လာတဲ့ အသံကြောင့် ယုယ သွားများပေါ်သည်အထိ ပြုံးလိုက်မိပြန်သည်။

"အနှောက်ယှက်မဖြစ်ပါဖူး။ သမီးလည်းစာကျက်ပြီး နားနေတာလေ။ ညလောက်မှ စာကျက်ဖြစ်တော့မယ်"

တစ်ဖက်ကအသံလေးသည် တိတ်ဆိတ်နေသည်။ ယုယ ပြတင်းတံခါးမှတစ်ဆင့် အပြင်ကို ငေးကြည့်လိုက်တော့ သစ်ပင်များသာ မြင်ရသည်။ လေထဲမှာ ယိမ်းနွဲ့နေတဲ့ အပင်တွေ။ လှသည်။ သဘာဝတရားကြီးက အန်မတန်လှပါသည်။

"စာကြိုးစားနော် တီခ်ယ္က အသံလေးကြားချင်လို့ ဖုန်းခေါ်လိုက်တာပါ။ အထွေအထူးရယ်လို့ မရှိဖူး။ "

"ဟုတ်ကဲ့ပါ။ မဟုတ်တောင် တီချယ့်ဆီ ဖုန်းခေါ်တော့မလိုလေ"

ရယ်ကျဲကျဲပြောလာတဲ့ ယုယ စကားကို တီခ်ယ္က ပြုံးနေဦးမည်ဆိုတာ သူမ သိပါသည်။

"ကဲ တီချယ်ဖုန်းချတော့မယ်ကွယ် ရေချိူးချင်လာပြီ"

"ဟုတ်ကဲ့ပါ "

ထို့သို့သာ ပြောပြီး ယုယ လက်ထဲကဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်သည်။ တီခ်ယ္ကေတာ့ ဖုန်းချသွားချေပြီ။ အချိန်ပင် ညနေအတော်စောင်းလာသည်မို့ မမကို နိုးရန်ပြင်ရသည်။ ညနေဖက်အိပ်များရင် မမ ဖျားသွားနို်င်သည်လေ။

ယုယတို့ မိသားစုလည်း ရေမျိူးချိူးပြီးတာမို့ ညစာအတူတူစားကြရန် ပြင်ကြရသည်။ ယုယတို့ရဲ့ အကျင့်က ထမင်းစားရင် မိသားစု စုံစုံလင်လင်မှ စားကြသည်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်ကျန်နေသေးလည်း အဲ့တစ်ယောက်ကို စောင့်ကြပါသည်။

စားပွဲပေါ်က ဟင်းများသည်စုံပါသည်။ မနက္ကခ်က္ထားတဲ့ ငါးဖယ္ကေတာ့ ကျန်သေးသည်။ ကြက်သားမွကြော် တစ်ခွက်လည်းပါသည်။ အချည်ရည်ဟင်း တစ်ခွက်နဲ့တင် ပြည့်စုံနေလေပြီ။ ဖေဖေတို့အား လို်က်ကာ ဦးချလိုက်ပြီးမှ ယုယ ပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပါသည်။ မေမေကတော့ ချည်ဟင်းကို ဇွန်းဖြင့် ခပ္ကာ သောက်ကြည့်နေသည်။ ဖေဖေကတော့ ထမင်းကို ငရုတ်သီးမူန့်နဲ့ ချည်ဟင်းနဲ့ နှယ်နေပြန်သည်။ မမကိုကြည့်တော့ အရွက်ကြော်များကိုသာ စားနေလေသည်။ မမကအသီးအရွက် ကြိုက်သည်မို့ မေမေက မမအတွက် အစိမ်းကြော် ကြော်ပေးထားလေသည်။ ပြောရရင် ယုယတို့ ညီအမနှစ်ယောက်လုံးက အသီးအရွက်တွေကြိုက်ကြသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now