Episode 11 Unicode

2.7K 222 5
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး
 
အပိုင်း ၁၁

"စိုးရိမ်လိုက်တာ သမီး တီချယ့်ကိုကြည့် တီချယ့်ကိုကြည့်ပါဦးကွယ်"

ခေါင်းကိုငုံထားဆဲ ငုံထားမြဲ။ မြပင် ယုယ လက်တို့ကို အျမန္ဆြဲကာ ခြံထဲ ရောက်သည့်ထိခေါ်လာရသည်။ ခြံထဲရောက်တော့မှ ယုယ ပါးတို့ကိုခပ်ဖွဖွ ကိုင်တွယ်လိုက်သည်။

"တီချယ့်စကားကိုနားထောင်ပါကွယ် သမီးခုလို ဖြစ်နေရင် တီချယ် ဘယ်လိုစိတ်မျိူးနဲ့ "

မျက်ရည်များ ကျဆင်းကာ တီခ်ယ္က ယုယကို ခပ်တိုးတိုးပြောသည်။

"ဘယ်လိုစိတ်မျိူးနဲ့ စိတ်ဖြောင့်မှာလဲကွယ် သိရဲ့လား သမီးကိုတီချယ် သိပ်မြတ်နိုးတာပါကွယ် သိပ်မြတ်နိုးတာပါ။"

တီခ်ယ္ကေတာ့ ငိုနေဆဲ ငိုနေမြဲပင်။ ယုယ နှလုံးသားတို့ပင် ဆွဲညစ်ခံနေရသလိုခံစားရသည်။

"မငိုပါနဲ့ နားလည်ပြီမို့ တီချယ်ဖြစ်စေချင်တဲ့အတိုင်း သမီး လုပ်တော့မှာ အဲ့ဒါကြောင့် သမီးအတွက်နဲ့ဆို အန္တီ မငိုပါနဲ့ "

မငိုပါနဲ့လို့ပြောတဲ့ သူကပါ မျက်ရည်များ ကျဆင်းနေလေသည်။ အန်တီဟုခေါ်တဲ့ နာမ်စားကြောင့် မြတစ်ယောက် ခပ်ဖွဖွပင်ပြုံးရပြန်သည်။ ယုယက တစ်ခါတလေမှ စိတ်လိုလက်ရ အဲ့လိုခေါ်တတ်သည်လေ။

"ဟုကဲ့ မငိုတော့ဖူး သမီးလည်းမငိုပါနဲ့ နောက်ပြီး အန်တီလို့ပဲ ခေါ်ပါတော့လား "

မျက်ရည်များကို သုတ်နေတဲ့ ယုယက မြ အပြောကြောင့် ရယ်ဖြစ်အောင် ရယ်လိုက်သေးတာ။ သူ့ရဲ့ သွားဖွေးဖွေးတွေပေါ်သည်အထိလေ။

"ဟုပါပြီ ဒါမဲ့ ကျောင်းမှာတော့ တီချယ်ပဲနော် "

ပြုံးလျက်ပင် ခေါင်းငြိမ့်ကာ ယုယ လက်တို့ကို ဖက်တွယ်လိုက်သည်။ ယုယ အတွက်သာဆို အကုန်အနစ်နာခံမည်ဟု တွေးထားတဲ့ မြက ယုယကို ချစ်တယ်ဆိုတာ ဒီကေလး ဘယ်တော့မှ သိလာမည်မဟုတ်ပေ။

"သမီး ပြန်မှာလား "

"အင်း ပြန်မှာပေါ့ တစ်ယောက်တည်းမနေချင်ရင် ယုယကို ရအောင်ဆွဲထားလေ"

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now