Episode 5 Unicode

2.9K 209 2
                                    

GL Fiction (OC ) By ( Pone )

အပိုင်း ၅

တီခ်ယ္က ဆည်းလည်းလေး.

''တီချယ် ''

သနပ်ခါးပန်းပင် ကြည့်နေတဲ့ တီချယ် တစ်ခုခုကိုတွေးနေသယောင်။ ဘာတွေးနေလဲ တီခ်ယ္က ဘာတွေ တွေးနေလဲ ယုယတကယ်ပင်မသိချေ။ မျက်လုံးထဲမှာတော့ သစ်ရွက်တွေကတော့ မြိုင်နေတုန်းပဲ။

''အင်း တတ်ကြမယ်လေ သမီး''

ယုယကို ဘာမှပင်မပြောတော့ပဲ ရှေ့ကတတ်သွားတဲ့ တီခ်ယ္က နားလည်ရခက်ခက် မိန်းမမျိူး။

''အန်တီတင် နေတွေကောင်းရဲ့လား ''

တီချယ်အမေးက (နေတွေကောင်းရဲ့လား) တဲ့လေ ဒါက အကုန်လုံးကျန်းမာရဲ့လားလို့ သွယ်ဝိုက်စွာမေးခြင်းဖြစ်သည်။

''ကောင်းတယ် တီချယ်မြရေ သမီး ယုယ လိမ်မာရဲ့လား ''

ခုအေနာက္က ထွက်လာတဲ့မေမေက သစ်သားခုံတွင်ထိုင်၍ ဆိုသည်။ သစ်သားခုံသည် လူတစ်ယောက်ထိုင်စာ ဖြစ်သည်။ တီခ်ယ္ကေတာ့ ထိုသစ်သားခုံတွင် ခြေထောင်နှစ်ချောင်း ခ်ကာ ရွံကျိူးစွာထိုင်နေသည်။

''ယုယက လိမ်မာပါတယ် တခါတလေတော့လည်း မလိမ်မာပေမဲ့လည်းပေါ့ ''

''ဟင် ''

တီချယ့် စကားအဆုံး ယုယပင် အာမေဋိတ်သံ ထွက်မိသည်။ ယုယက ဘာတွေများ တီချယ့် အမြင်မှာ မလိမ်မာခဲ့ဖူးပါလိမ့်။ တစ်ခုတည်းသာ ရှိတဲ့ ဦးနှောက်ကို အမြန်အလုပ်ပေးရပြန်တယ်။

''ဟုတ္လား ယုယကို မလိမ်မ္မာတာရှိရင် ဆုံးမပါကွယ် သူကအငယ်ဆိုတော့ နည်းနည်းတော့ ဆိုးချင်တယ် ''

မေမေ့ရဲ့ခပ်စစ ဆူသံလို့ မပြောလိုငြား ထိုအသံကို ယုယပင် သေဘာမက်ပါ။ ယုယ ဘဝမွာ တစ်ခါမှ ပြောမရဆိုမရ မရှိခဲ့ဖူးပါ။ တီချယ့်ကို စိတ်ပေါက်လာသည်မို့ ထိုင်နေရာကနေ စြက္ကနဲ ထကာ အခန်းထဲဝင်ရင်း အကျီၤသာ လဲဖို့ပြင်ရသည်။

လွယ်အိတ်ထဲမှ ဘိန်းမုန့်အား ထုတ္ကာ TVနားတွင် ထိုင်ကာ ရေနွေးကြမ်းသောက်နေတဲ့ ဖေ့ဖေ့ကို ပေးလို်က်သည်။

မြဝတ်ရည်မေ သူ့ကိုစိတ်ဆိုးသွားတဲ့ ယုယကြောင့် ရယ်ချင်မိသည်။ သူက စသလိုပြောလိုက်တာပါလေ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now