Episode 3 Unicode

3.3K 230 6
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး ..

အပိုင်း ၃

'ဟေး သမီးပြန်လာပြီ..'

ယုယအိမ်ထဲဝင်လိုက်တာနဲ့ဖေဖေ့ဆီမှအသံအရင်ထွက်လာလေသည်..
ဖေဖေကခြံထဲကကုလားထိုင်လေးပေါ်တွင်ကျောတို့ကိုမှီကာထိုင်နေလေသည်..ယုယပြန်လာတော့မှထိုကုလားထိုင်ပေါ်မှာမှီထားတဲ့ကျောတို့အားမတ်လိုက်လေသည်..

ယုယလည်းခြံထဲသို့ဝင်လာလို်က်ရင်းဖေဖေ့ဘေးမှခွေးချီခုံအသေးလေးကိုဆွဲယူကာထိုင်လိုက်ရင်း..

'ဖေဖေ.ဒီနေ့ပွဲရုံမသွားဖူးလား..

ဖေဖေကယုယအမေးကိုခပ်ပြုံးပြုံးပင်ဖြေလာသည်လေ

''မသြားဖူးကြ..ဖေဖေဒီနေ့နားတယ်..'

ဖေဖေကယုယနဲ့စကားပြောမှမဟုတ်တခြားသူများနဲ့စကားပြောရင်လည်း ကွဆိုတဲ့အသုံးနူန်းကိုထည့်ပြောတတ်လေသည်....ပြုံးနေတဲ့ဖေဖေမျက်နှာကလေတီချယ်လိုလပြည့်ဝန်းကြီးလိုပဲ.လွန်စွာအေးချမ်းလွန်းသည်..

'ဟော..သမီးတောင်ပြန်လာပြီ.သမီးမမကတော့ခုထိပြန်မလာသေးဖူးကွယ်.အလုပ်ကနောက်ကျနေတာနေမယ်'

ခုမှမီးဖိုချောင်ထဲကထွက်လာပုံရတဲ့မေမေကလက်ခုကလေးကိုင်ထားလေသည်...မေမေကယုယကိုစကားများပြောနေပေမဲ့မေမေ့မျက်လုံးတွေကတော့ခြံအပြင်ရဲ့လမ်းမတွေပေါ်မှာပဲရှိလေသည်..မိဘမေတ္တာဆိုတာယခုလိုပါလားဟုယုယတွေးမိသည်..မေမေကသိပ်ကိုစိုးရိမ်တတ်လေသည်..ယုယပြန်မလာသေးလည်းခုလိုစိုးရိမ်တကြီးလမ်းမကိုကြည့်ကာနေတတ်သည်..မိဘမေတ္တာကတကယ့်ကိုစမ်းချောင်းရေပမာအေးချမ်းလွန်းလှပါဘိ..

ယုယလည်းလက်ထဲမှပတ်ထားသည့်ကြိုးနက်လေးနဲ့နာရီသေးသေးလေးအားကြည့်လိုက်တော့ သုံးနာရီပင်ကျော်နေပြီဖြစ်သည်..ခုထိမမကတော့ပြန်မလာသေးပေ

'လာတော့မှာပါမေမေရယ်.သိပ်စိတ်မပူပါနဲ့နော်..'

'ဟုပါရဲ့ကွယ် သမီးမမကမနေ့ကမေမေ့ကိုပြောတော့နှစ်နာရီခွဲကျသူပြန်လာမယ်ပြောထားလို့လေ.ခုထိတော့ပြန်မရောက်သေးဖူး.သမီးကကောဘာလို့နောက်ကျနေတာလဲ..'

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now