Episode 26 Unicode

2.2K 229 9
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၂၆

"ယုယ ညီမေလး"

လမင်းကြီးကို ငေးကြည့်နေတဲ့ ယုယကို မမက ခေါ်သည်။ မမရှိရာ အနောက်ဆီသို့ ယုယ လှည့်ကြည့်ကာ ပြုံးမိသည်။

"အဆင်ပြေရဲ့လား"

ယုယ ပခုံးပေါ်သို့ လက်တင်လျက် မမကထိုသို့မေးပါသည်။

"ဘာကို အဆင်ပြေရဲ့လားလဲ မမရဲ့"

"တီချယ်မြကို သတိရေနတာလား"

မမ စကားကြောင့် ယုယ ငြိမ်ကျသွားမိသည်။ မမသည်လည်း ယုယ တီချယ်မြကို ချစ်မှန်းသိသည်လေ။

"သတိတော့ရသား။ ဒါပေမဲ့ လိုက်ရှာရဦးမယ်ထင်တယ် ဒါမှမဟုတ်လည်း ယုယဆီကို လိုက်လာရင်ကောင်းမယ်နော်"

နူတ်ခမ်းများက ခပ်ဖွဖွပြုံးကာ ဆိုမိသည်။ မမကေတာ့ သက်ပြင်းချသည်။ ပခုံးပေါ်က သူ့လက်တွေကလည်း ယုယ ပခုံးကို ပွတ်သပ်ပေးနေသည်။

"ဒါနဲ့ မမ နင့်မှာ ချစ်သူရှိနေပြီလား"

ယုယ အမေးကို မမက ခပ်ဆဆကြည့်ပါသည်။ ယုယလည်း မမကို ခပ်ဆဆပြန်ကြည့်မိသည်။

"မရှိသေးပါဖူးဟယ် ငါထားချင်စိတ်မရှိသေးဖူးဟ"

မမအပြောကြောင့် ယုယ အသံထွက်တဲ့အထိ ရယ်မိပါသည်။

"ဟုတ်လို့လားဟယ် နင့်အသက်ဖြင့် မငယ်တော့ဖူး အရွယ်လွန်သွားရင် မကောင်းဖူးနော်"

ယုယ စကားကို မမက မျက်စောင်းထိုးသည်။ နောက်ပြီး ယုယေဘးကေန ခြာကာ တံခါးနားသို့ မတ်တပ်သွားရပ်သည်။ ဒါ့ကြောင့် ယုယလည်း လမင်းကြီးကို ကြည့်နေရာကနေ မမကို လှည့်ကြည့်ရသည်။

"အရွယ်လွန်လည်း မတက်နိုင်ဖူးဟယ် ငါကေတာ့ အေးဆေးနေချင်တယ်"

"ဟုတ်ပါပြီ နင့်ကိုစောင့်ရှောက်ဖို့အတွက် ငါ့တာဝန်သာထားတော့ ဂေါ်မစွံ အပျိူဟိုင်းကြီးရဲ့"

ယုယရဲ့ ခပ်ရွတ်ရွတ်အပြောကို မမက ရယ်သည်။ အသံများထွက်တဲ့အထိရယ်နေပြန်သည်။ ယုယ အခုမှသတိရမိသည်။ အလျင်အမြန်ပင် ခရီးဆောင်အိတ်ရှိရာသို့ သွားမိသည်။ မမကေတာ့ ဘာလုပ်နေလဲဆိုတဲ့ပုံနဲ့သာ ယုယ ကိုလို်က်ငေးနေသည်။ ဇစ်ကို သေချာဖွင့်ကာ အထဲက တစ်စုံတစ်ရာကို ထုတ်လိုက်သည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now