Episode 29 Unicode

2.5K 248 16
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၂၉

"အရမ်းလွမ်းနေတာ ယုယ ကေလး"

မျက်ရည်များရစ်သိုင်းလျက် ယုယကို သေချာကြည့်၍ ပြောလာတဲ့တီချယ်။

"ဟင်တီချယ်"

ရုတ်တရက် နှာခေါင်းဆီမှ စီးက်လာတဲ့ သွေးများကြောင့် ယုယ အလန့်တကြား တီချယ့်သွေးများအား လက်ဖြင့်သုတ်ပေးမိသည်။

"သွေးတွေက ဘာလို့ကျတာလဲ နေမကောင်းဖူးလားဟင် ဆေးခန်းသွားကြမလား"

ပျာနေသည့် ယုယကို တီခ်ယ္က ပြုံးပြုံးလေးသာကြည့်သည်။

''ဆေးကဒီမှာရောက်နေပြီ တီချယ်သေပျော်ပါပြီကွယ်။"

နှလုံးသားအား ဆွဲညစ်နေသလိုခံစားရသည်။ တီချယ့်နှာခေါင်းဆီမှ စီးကျလာတဲ့သွေးတို့ကို ယုယ အကျီၤလက်ရှည်ဖြင့် သုတ်နေမိသည်။ ဘယ်လောက်ပင်ပန်းနေလဲမသိ။ တီချယ်အတော်ပင် ပိန်ကျသွားသည်။ အသားရေသည်လည်းဖြူစုတ်လာသည်။

"အိမ်ထဲဝင်မယ်လေ တီချယ်နေမကောင်းဖြစ်ဦးမယ်။"

ယုယ ပြောတော့လည်းတီချယ်က ရယ်သည်။ ခုမွ ရယ်ဖူးသည့်လူတစ်ယောက်လိုမျိူး တီချယ့်အပြုံးတွေက အသက်ဝင်လွန်းလှသည်၊၊

"ဆေးကရောက်နေပြီပဲ တီချယ်နေကောင်းပါတယ်။"

မြေပြင်ပေါ်က ကျောပိုးအိတ်ကို ကောက်ကာ တီချယ့်လက်ကို တွဲလျက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ စောနက ကေလးမကေတာ့ သူ့အမေဆီသွားမည်ဟုဆိုပြီး ထွက်သွားသည်။ တီချယ်သည် ယုယကို သူ့ရဲ့အိပ်ခန်းထဲသို့ ခေါ်လာသည်။ ဒါ့ကြောင့် ယုယလည်း သက်တောင့်သက်သာ အကျီၤများလှဲပြီးတော့မှ ထိုင်ခုံပေါ်ထိုင်နေတဲ့ တီချယ့်ဆီသွားရသည်။ ယုယပဲ အထင်မှားနေသည်လား တီချယ်မျက်နှာသည် ပန်းရောင်သမ်းနေသည်။

"တီချယ်"

"ပြောလေကွယ်"

ယုယ ခေါ်တော့လည်းလှည့်ထူးလာသည့်တီချယ်။

"အရမ်းလွမ်းတယ်"

ပြောပြီးသည်နှင့် ယုယကို ကျောပေးထားသည့်တီချယ်အား သူမဖက်သို့လှည့်စေကာ တင်းကျပ်စွာဖက်ထားမိသည်။ တီချယ့်ပခုံးကို ခပ်ဖွဖွနမ်းမိတော့ တီခ်ယ္က တစ်ချက်တွန့်သွားသည်။ သို့သော်လည်း ထိုင်နေရာကမထသေးပါ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now