Episode 16 Unicode

2.6K 235 6
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၁၆

"အင်း ဒီလိုအတွေးတွေထဲနစ်နေလို့ မဖြစ်ပါဖူး သီချင်းနားထောင်မှပဲ''

ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ယုယက အပြစ်ကင်းစွာ။ ဒီကလေးကို မြ သနားမိတယ်ဆိုတာ အပိုမဟုတ်ပေ။ ဘာအပြစ်မှ မရှိတဲ့ ဒီကလေးကိုလေ သနားလွန်းလို့ ဘာဆက်လုပ်ရမလဲ လမ်းပျောက်နေတာအခါခါပင်။ နှဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်တွေကို သပ်သင်ပေးလိုက်ကာ နူးည့ံတဲ့ နှုတ်ခမ်းအစုံနဲ့ ခပ်ဖွဖွနမ်းရိူက်မိသည်။ မျက်ဝန်းထဲကနေ လ်ံက်လာတဲ့ မျက်ရည်တွေကိုတော့ သိမ်းဆည်းလို့မရပေ။

ကုတင်ပေါ်ကနေ ဆင်းရင်း ဖေဖေ့ အိမ်သွားတုန်းက ယူခဲ့တဲ့ လက်စွပ်လေးကို ဗီဒိုထဲကနေ ထုတ်ကြည့်မိသည်။ အနီရောင်ဗူးလေး နှစ်ဗူးယှဉ်တွဲနေတာကို ကြည့်ရင်း ပြုံးယောင်သမ်းမိသည်။ မျက်ဝန်းထဲက မျက်ရည်တွေကိုတော့ မြ မတားဆီးခဲ့ပါ။ လက်စွပ်ဗူးလေးတွေကို ဖွင့်ကြည့်လိုက်တော့ ယုယကို ပေးမယ်ဆိုတဲ့ ဆင်တူလက်စွပ်လေး နှစ်ကွင်းသည် တလတ်လတ်နဲ့ပင်။ တစ်ကွင်းကို ဗူးထဲပြန်ထည့်ကာ ဗီဒိုထဲမှာ သိမ်းဆည်းထားလိုက်ပါသည်။ ယုယအတွက် တစ်ကွင်းကို လက်ဖဝါးဖြင့် ပွတ်သပ်နေရင်းမှ အိပ်ပျော်နေတဲ့ ကလေးဆီသွားရသည်။ ကုတင်ပေါ်က ယုယကေတာ့ အိပ်မောကျနေဆဲ။

"တီချယ် တကယ်ကို တောင်းပန်ပါတယ် တနေ့နေ့များ သမီးသာ အဖြစ်မှန်တွေသိခဲ့ရင် တီချယ့်ကို ခွင့်မလွှတ်ပါနဲ့"

ယုယ လက်သန်းကြွယ်လေးထက်ကို လှပစွာဆင်ပေးလိုက်တဲ့ လက်စွပ်လေးတစ်ကွင်း။ အခန်းထဲကနေ ထွက်ရင်း ကတ်ဆက်ဆီသို့ ခြေလှမ်းတွေကို ဦးတည်ရသည်။ ဒီအချိန်မှာ သီချင်းသာနားထောင်ချင်မိပါသည်။ ခနလောက်ဖြစ်ဖြစ် ခနလေးပဲဖြစ်ဖြစ် အေးချမ်းမူဆီ အရောက်သွားချင်မိရုံတင်။ ကတ်ဆက်ထဲကို ထည့်မိတဲ့အခွေက ဆောင်းဦးလိူင်ရဲ့ လူမသိသူမသိဆိုတဲ့ သီချင်းတဲ့လေ။ ခုံပေါ်မှာ ထိုင်ကာ နားထောင်ရန်ပြင်ရသည်။ မျက်လုံးတွေကို ခပ္ဖြဖြမွိတ္ကာ သီချင်းကိုခံစားရသည်။

"နင်ဆိုတာပြိုင်ဖက်မရှိ..တစ်ယောက်ထဲ ငါ့ခ်စ္သူပါ..ယုံချင်ယုံမယုံချင်နေ. နင်တစ်နေ့တော့..နားလည်မှာ၊.တကယ်ဆို လူမသိသူမသိချစ်ခဲ့ရတဲ့.နေ့ပေါင်း.မ်ားစြာ....ကံကြမ္မာဟာ တစ်ခါတလေ အလွန်ထူးခြားဆန်းကြယ်တာ..ကြိုတင်မသိသေးဘူး...ဒို့နှစ်ယောက်တစ်နေ့ ပေါင်းနိုင်မလား..မငြိုမငြင် လူမသိသူမသိ ပေးဆပ်ခဲ့တဲ့ လပေါင်းများစွာ.."

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now