Episode 9 Unicode

2.7K 234 9
                                    

GL Fiction ( OC ) By ( Pone )

တီခ္ယၠ ဆည်းလည်းလေး

အပိုင်း ၉

"ယုယ တံခါးဖွင့် "

အပြင်ကနေ တံခါးကို တဒုန်းဒုန်ထုနေသည့် မမ။ တီချယ်နဲ့စကားပြောပြီး ပြန်လာတည်းက ယုယ အိပ်မိနေတာပဲ။ ငိုရတာပင်ပန်းပြီး အိပ်ပျော်သွားတာနေမှာ။ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ငါးနာရီပင်ထိုးတော့မည်။ ကုတင်ပေါ်က မြန်မြန်ဆင်းရင်း တံခါးဂျက်ကို ဖွင့်ပေးလိုက်သည်။

"ယုယ အိမ်ပြန်ရောက်ထဲက အခန်းထဲမှာပဲနေတယ်ဆို ခုတောင် မမ ပြန်လာလို့ ဖွင့်ပေးတာလား"

အခန်းထဲကို ဝင်ကာ တရေစပ်ပြောနေတဲ့ မမကြောင့် ယုယ ကုတင်ပေါ် ဝမ်းလျားမှောက်လိုက်မိသည်။

"မမ ငါပြောစရာရှိတယ် "

မမက တိတ်နေသည်။ ခနေနမွ သူ့ဘေးက ကုတင်စောင်းမှာ ထိုင်သည်။ ယုယ မငိုမိအောင် စိတ်ကိုတင်းနေပေမဲ့လည်း မျက်ရည်တို့သည် လက်ယပ်မခေါ်ပဲ မျက်စိမှိတ်ထားလျက် စီးကျနေပြန်သည်။ တစ်ခုခုဆို မျက်ရည်လွယ်သည့် အကျင့်ကိုလည်း ပြင်ရပေဦးမည်။

"ငိုနေတာလား "

ယုယ ခေါင်းကိုဖွဖွပွတ်လျက် မမက ဆိုသည်။ ယုယ အမြန်ပင် ထထိုင်ကာ မမ ရင်ခွင်ထဲအား တိုးဝင်ရသည်။ နောက်ပြီး မမရင်ခွင်ထဲမှာပဲ ယုယ ရိူက်ကြီးတငင် ငိုသည်။

"မမ ငါမှားသွားပြီထင်တယ်"

"ငါတီချယ့်ကို ချစ်တယ်လို့ ပြောမိတယ် ဆရာမတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လို ချစ်တယ်လို့ပြောမိတယ်"

ယုယ ခေါင်းကို မမက ပွတ်သပ်လျက် မငိုနဲ့လို့ တဖြဖြ ပြောသည်။ မမ ရင်ခွင်ထဲမှ ထြက္ကာ ဆံပင်တို တို့ကို သပ်သည်။ မမကေတာ့ သူ့ကိုကြည့်ကာ ပြုံးသည်။ ဒါပေမဲ့ မ်က္လုံးထဲမွာ မျက်ရည်တွေဝဲနေသလိုပင်။

"မမညီမေလးကေလ တကယ် ကလေးလေးပဲ မငိုနဲ့ "

"မမ "

"အင်း သိတယ် ရှင်းပြစရာမလိုဖူး မမနားလည်တယ်"

မမက ယုယကို ခေါင်းငြိမ့်ကာ ပြုံးပြသည်။ အရာရာကို နားလည်ခွင့်လွှတ်ပေးသည့် မမကို ယုယ အန်မတန်ချစ်ပါသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now