Episode 10 Unicode

2.7K 230 7
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၁၀

"ဟဲ့ ယုယ ဘာတွေကုန်းလုပ်နေတာလဲ"

စားပွဲပေါ် ခေါင်းစိုက်နေတဲ့ ယုယ တစ်ယောက် ခင်ခင်ရဲ့ ရိုက်ချက်ကြောင့် ကျောများပင် ကော့သွားသည်။

"မသာမရယ် ဖြေးဖြေးလုပ်ပါလား ဒီမွာ အဆုပ်ကွာတော့မှာပဲ"

"ဟဲဟဲ ဆောတီး ဆောတီး"

ယုယ ဘေးသို့ ဝင်ထိုင်လိုက်ကာ ယုယ ကြည့်နေတဲ့ စာတွေကို ခင်ခင် ငုံကြည့်လိုက်သည်။ ယုယကေတာ့ ပြန့်ကျဲနေတဲ့ စာအုပ်တချိူ့ကို လွယ်အိတ်ထဲ ထည့်နေလေသည်။

"ဘာတွေများလဲလို့ ယုယေလး စာတွေကြိုးစားနေပါလား အရင်က ခုလိုမဟုတ်ပါဖူး "

ခင်ခင်ကို မျက်စောင်း ထိုးလိုက်ကာ လွယ်အိတ်ထဲက ဘိန်းမုန့်အဖြူလေးအား ထုတ်လိုက်လေသည်။

"မုန့်စား နင့်တွက်ဘိန်းမုန့်ဝယ်လာတယ် ငါအစောကြီးထပြီး စီထားရတာနော် ဒီမုန့်ကိုရဖို့ "

ဘိန်းမုန့်သည် အဖြူရောင်။ အပေါ်မှနှင်း အုန်းသီးစိတ်နဲ့ကြက်သွန်မြိတ်ကလေးတွေနဲ့အတူ ပဲပြုတ်ကလေးတွေတောင်ပါသေးသည်။ ခင်ခင်က ဘိန်းမုန့်ကို ခုံပေါ်ကနေ သူ့ဖက်သို့ဆွဲယူလေသည်။ မျက်နှာကတော့ စပ်ဖြဲဖြဲနဲ့ပင်။

"ကျေးဇူးတင်ပါတယ် အမကြီးရယ် ကောင်းကောင်းစားပါ့မယ်"

ယုယသည် ပြုံးသာပြုံးသည်။ စားပွဲပေါ်က စာကိုတော့ ဆက်၍ ဖတ်နေလေသည်။ အရင်ကဆို စာကို အဲ့လောက်ကြည့်တဲ့သူ မဟုတ်တဲ့ ယုယက ထူးဆန်းနေလေသည်။ မဟုတ်တောင် ယုယက စားမေးပွဲကိုတောင် စာနည်းနည်းကြည့်ရုံနဲ့အောင် အောင်ဖြေနိုင်တဲ့သူပင်။ ဘိန်းမုန့်ကိုဖဲ့ကာ ခင်ခင်စားရင်း တွေးနေမိသည်။

"ယုယ မဟုတ်မှလွဲရော နင် scholarship (ပညာသင်ဆု)ကို ယူမလို့လား"

ယုယ ဘာမှမပြောပါ။ အချိန်တစ်ခုထိ တိတ်နေဆဲပင်။ ခင်ခင် စားနေတဲ့ ဘိန်းမုန့်ကို ကြွပ်ကြွပ်အိတ်အဖြူထဲ ပြန်ထည့်လိုက်ကာ ယုယ လက်မောင်းတို့ကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်မိသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now