GL Fiction ( OC ) By ( Pone )
တီချယ်က ဆည်းလည်းလေး
အပိုင်း ၂၈
''သမီးကို လွမ်းလှပြီကွယ်"
တစ်ဖက်က အသံအဆုံး ယုယ ခြေလှမ်းများ ရုတ်ချည်းရပ်တန့်သွားမိသည်။ အန်တီဝတ်လွှာလိုက်လာရင် သူတီချယ့်ကို မည်သို့ရှာရမည်နည်း။ အန်တီဝတ်လွှာကို အားနာလွန်းလို့ ယုယ ရှိသမျှ တက်နိုင်သမျှကို ပေးဆပ်ချင်တာပါ။ အဲ့ဒါကြောင့်လည်း ခုထိ လမ်းမခွဲပဲ နေပေးနေခြင်းသာ။ ဒါတွေကိုသာ အန်တီဝတ်လွှာသိခဲ့ရင် ဘယ်လောက်များဝမ်းနည်းလိုက်မလဲ။ သို့သော်..သို့ပေမဲ့ ယုယရင်ထဲမှာရှိနေတာက ထွက်ပြေးနေတဲ့ အမျိုးသမီးတစ်ယောက်သာ။
"ဟုတ်ကဲ့ အတူတူပါပဲအန်တီ"
မုသားအား ဆိုမိပါသည်။ ပြောသာပြောရပေမဲ့ အန်တီဝတ်လွှာကိုလည်း ယုယ ချစ်ပါသည်။ တီချယ့်ကိုလည်းချစ်သည်။ ထိုအချစ်တွေကတော့ မတူညီပါ။
"အဲ့ဒါဆိုဒါပဲနော် ကားလမ်းမကြီးရောက်နေလို့"
ဖုန်းချသွားပြီးတဲ့နောက် ယုယ ရင်ထဲဟာနေမိသည်။ တီချယ့်ကို မမေ့နိုင်သေးပါ။ တစ်ဖက်က သွားလာနေတဲ့ ကားများကို ယုယ ငေးမိသည်။
"သေချာတဲ့ ဆုံးဖြတ်ချက်တော့ချသင့်ပြီ"
ထိုနေ့က ယုယ အလုပ်ဆီသို့ ခြေလှမ်းများပြန်လှည့်ခဲ့သည်။ ထိုသို့မနေချင်ပါ။ သူမ တီချယ့်ကို လွမ်းလှသည်။ လန်ဒန်သို့ မသွားခင်က တီချယ်သည် ယုယအား လေယာဉ်ကွင်းမှာ ပြောခဲ့သည့်စကားများကို နားထဲကြားယောင်နေမိသည်။ တီချယ်စောင့်နေမှာ။ ယုယရဲ့ တီချယ်ကစောင့်နေတော့မှာ။
"မေမေရေ သမီး ဧရာဝတီတိုင်းခနသွားဦးမယ်နော် "
အကျီင်္များအား ကြယ်သီးတပ်နေသည့် မေမေက ယုယကို တစ်ချက်သာကြည့်ပါသည်။ သူ့လက်ထဲက အပ်ကတော့ အလုပ်လုပ်နေဆဲ။
"ဘာလို့သွားမှာလဲ အလုပ်ကကော"
ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ယုယတစ်ယောက် မေမေ့စကားကြောင့် အနည်းငယ်မျက်နှာပျက်သွားသည်။
"အလုပ်က ပြန်လာမှလုပ်လို့ရတယ်။ ခွင့်တင်ခဲ့တယ် သူတို့နားလည်ပါတယ်။"
YOU ARE READING
တီခ်ယ္က ဆည်းလည်းလေး
Action'' တီခ်ယ္သိလား တီချယ်အသံကသမီးအတွက်တော့ဆည်းလည်းလေးလိုပဲ ကြားလိုက်တာနဲ့ပြေးတွေ့လိုက်ချင်တာမျိူး'' 💫🍂ယုယအောင် ''သမီးကေလ တကယ့်ကိုသစ်ရွက်လေး လေထဲမှာလွှင့်နေပြီးခြောက်လို့ကြွေကျကုန်တာမျိူး.'' 💫 🍂 မြဝ...