Part 21

710 96 18
                                    

ရှန်းဝူပိုင်ကလည်း ယွင်းရန်ကိုအနည်းငယ်အကဲခတ်နေပြီးတဲ့နောက်မှာ သူ၏အမူအရာကို ပုံမှန်အတိုင်းပြန်ပြင်ကာ အပြုံးကိုချိတ်ဆွဲလိုက်သည်။

" ဒါက တိုက်ဆိုင်တယ်လို့ခေါ်လို့ရမှာလား"

" မင်း ထင်သလိုတွေးလေ။ ဘယ်လိုဖြစ်ဖြစ် ဘာများရမှာကျလို့.."

ယွင်းရန်က ခနဲ့သည့်ပုံစံဖြင့် ရှန်းဝူပိုင်အားကြည့်ရင်း ပြောလိုက်သည်။ ထိုစကားကြောင့် ရှန်းဝူပိုင်က သူ့ခေါင်းကိုငုံ့ကာ တချက်ရယ်လိုက်သည်။ ထို့နောက်ချက်ချင်းပင် သူ့ခေါင်းကိုပြန်မော့ကာ တစ်ခုခုကိုပြောရန်ပြင်လိုက်စဥ်မှာပဲ

" မိစ္ဆာဘုရင်ကြီးက ဘာလို့ရန်နေတာလဲ"

နျူး၏အသံက ရှန်းဝူပိုင်၏နောက်မှ ထွက်ပေါ်လာတော့၏။ ရှန်းဝူပိုင်က နောက်သို့လှည့်ကြည့်လိုက်မိပြီး ယွင်းရန်ကတော့ နျူးကိုမျက်မှောင်ကြုတ်ကာလှမ်းကြည့်သည်။

" ဘယ်မှာရန်လိုနေလို့လဲ။ "

" မလိုဘူးဆိုတော့လည်း....မလိုဘူးပေါ့။ "

"မင်း.....!!!"

ယွင်းရန်က နျူး၏စကားကြောင့်စိတ်ဆိုးတော့မလိုအနေအထားတွင်ဖြစ်သွား၏။ ရှန်းဝူပိုင်က နျူးရှေ့တွင် သူ့လက်ကိုကာလိုက်ရင်း

" နျူး....သူ့ကိုအဲ့လိုမပြောရဘူး"

နျူးက ယွင်းရန်အားမကျေနပ်သည့်အကြည့်တို့ကြည့်နေရင်းမှ ရှန်းဝူပိုင်၏စကားကြောင့် ရှန်းဝူပိုင်ကို လှမ်းကြည့်သည်။ အတော်ကြာပြီးမှသာ ရှန်းဝူပိုင်ကို ခေါင်းငြိမ့်ပြလိုက်၏။

" ဟ..."

ယွင်းရန်မှာ မရယ်ပဲမနေနိုင်ပါတော့ချေ။ တခဏလေးအတွင်း သူတို့ကဘယ်လိုလုပ် ဒီလောက်ထိအတိုင်အဖောက်ညီသွားရတာပါလိမ့်။ ယွင်းရန်တွေးနေစဥ်မှာပဲ ရုတ်တရက်သူတိူ့အနားအား ဖန်သားကဲ့သိူ့ ကြည်လင်နေသောအရာလေးက သူ၏တောင်ပံလေးများကို တဖျက်ဖျက်ခတ်ကာ ပျံသန်းလာနေသည်။ ထိုအရာက ငှက်တကောင်နှင့်အလွန်တူညီနေပြီး မျက်ဝန်းအိမ်သည် နက်ပြာရောင်ရှိ၏။ ကျန်သောအစိတ်အပိုင်းနှင့်အတူ အတောင်သည် လေးဖက်ဖြစ်ပြီး သူ၏ကိုယ်ခန္တာတစ်ခုလုံးသည် ထိုးဖောက်မြင်ရနိုင်လောက်အောင်အထိကို ကြည်လင်နေပါသည်။ ထိုငှက်အမျိုးအစားသည် ကောင်းကင်ဘုံ၏ စာပို့ငှက်တစ်မျိုးဖြစ်လေသည်။ ငှက်၏ကိုယ်ခန္တာသည် လက်တဝါးစာမျှသာအရွယ်အစားရှိသော်လည်း ၎င်းတို့ကအလွန်လျှင်မြန်စွာ ပျံသန်းနိုင်ကြသည်။

The Deal With A Demon King Where stories live. Discover now