အပိုင်း-5

258 8 0
                                    

ဆူးနစ်လေသော

Unicode:;

Part 5

ကားပေါ်က လူနှစ်ယောက်ကတော့ တိတ်ဆိတ်စွာ ထို တိတ်ဆိတ်မှုကို ဦးစွာဖျက်ဆီးလိုက်သူကတော့ ငြိမ်းမင်းပင်ဖြစ်သည်

"ညီ ဆေးရုံက ဘာလို့အစောကြီးဆင်းသွားတာလဲ အကိုပြန်လာတော့ မတွေ့တော့ စိတ်ပူသွားခဲ့တာ"

"ကျွန်တော် စာရွက်ထားခဲ့တယ်လေမတွေ့ဘူးလား "

"အာ အကိုတွေ့ပါတယ် "
လို့သာ ပြန်ဖြေပေးခဲ့ပေမယ့်လဲ ဘေးမှကောင်လေးကတော့ ဝစီပိတ်ဆက်ကျင့်ကာ ခေါင်းသာ ဆက်ငြိမ့်နေတော့ ငြိမ်းမင်းတစ်ယောက်ကတော့ စကားလမ်းကြောင်းသာ အမြန်ရှာနေမိတော့တယ်
သို့သော်လည်း ထိုကောင်လေး အတိတ်မှာ တစ်ခုခုရှိမည်မှာ သေချာနေသောကြောင့် စကားမှားသွားမည်ကိုလဲ စိုးရိမ်မိလေသည် မိမိစိတ်ဆိုးခံရမည်က အကြောင်းမဟုတ် ထိုကလေးလေး ဝမ်းနည်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထိုသို့ အတွေးများနေခိုက် ယခုတစ်ခါ လေထုကို ဖြိုခွင်းလိုက်သူမှာ ဘေးမှ ဝစီပိတ်ကိုယ်တော်လေးပင်ဖြစ်သည်

"ဟို ကျေးဇူးတင်ပါတယ်နော်အကို သူနာပြုကပြောတယ် ကျွန်တော့််ကိုသွေးလှူပေးခဲ့တယ်ဆို "
ဟုသာ ကျေးဇူးတင်စကားဆိုလာတဲ့ ထိုကောင်လေးကို တစ်ချက်စောင်းကြည့်ရင်း
"အော် အာ့တာလား ရပါတယ် ညီရဲ့ အကိုက ကူညီသင့်လို့ ကူညီလိုက်တာပါ အရမ်ကြီးစိတ်ထဲမထားပါနဲ့"

ကျေးဇူးတင်လာသည်ကို အခွင့်ကောင်းယူကာ

"ဒါနဲ့ ညီကိုယ့်ကို နာမည်မပြောပြရသေးဘူးနော်"
လို့မေးလိုက်တော့ ချာတိတ်ကြည့်ရသည်မှာ ဖြေရမည်ကိုတွေဝေနေသယောင်

  "ကျွန်တော့် နာမည် မုန်းဆက်တည်  "
ဟုသာ ‌မပြောချင်ပြောချင်ပြောလာတဲ့ ထိုကောင်လေးကြောင့်

"အော် ငယ် နာမည်က အဆန်းပဲ "
လို့ပြောလိုက်တော့ ထိုကောင်လေးက မျက်လုံးပြူးများနှင့် ပြန်ကြည့်နေတော့

"ဘာကို အာ့လောက်တောင်ကြည့်နေတာလဲ အော် ကိုယ် ငယ် လို့ခေါ်လိုက်တာကို‌ေတာ့တော့ စိတ်မကွက်ဘူးမလား "

ဆူးနစ်လေသောWhere stories live. Discover now