အပိုင်း-41

127 7 0
                                    

ဆူးနစ်လေသော
Unicode:;
Part-41

စာမေးပွဲပြီးသွားတာတောင် အခုထိလူကို အဖတ်မလုပ်သေးသော လူကြီးပင်။ ကလေးတွေ စာမေးပွဲရှိတော့ သူက ဆရာပါလေ ဆိုပြီး နားလည်ပေးခဲ့သော်လည်း စာမေးပွဲပြီးသည်မှာ နှစ်ရက်တောင် ရှိပြီ အခုထိတောင် လူကို အဖက်မလုပ်သော လူကြီးပင်။ ဒါတောင် မိမိကိုသာ အဖက်မလုပ်သော်လည်း သူ့သူငယ်ချင်နဲ့တော့ ဖုန်းဆက်၍မပြီး ။ပိုဆိုးတာက သူ့သူငယ်ချင်းနဲ့တောင် မလုံလောက်ပါဘဲ အမာန်နဲ့ပါ တိုးတိုး တိုးတိုးနဲ့ ။  ကြာလာတော့ အပယ်ခံလိုတောင် ခံစားလာရသဖြင့် စိတ်တိုလှပါသည်။ အခုလဲ လူကို ဘေးမှာထားပြီး ဘယ်သူနဲ့ ပြောနေသည်မသိ ဖုန်းကို နားမှာကပ်ပြီး ခေါင်းက တစ်ငြိမ့်ငြိမ့်ဖြင့်သာ

"တော်ပြီကွာ အခုလဲ ဘယ်သူပြောနေပြန်ပြီလဲ  "
ဒါတောင် ဂရုမစိုက်စွာ ခဏလေးဟူသော အဓိပ္ပာယ်နဲ့ လူကို ကျောပေးကာ ဖုန်းပြန်ပြောနေသောကြောင့် လူက မရတော့ နားလည်ပေးနိုင်သော limitက ကျော်သွားပြီဖြစ်သည်။ ချက်ချင်းထိုင်နေရာကနေ ထကာ အခန်းထဲသို့သာ  ဝင်သွားပြီး တံခါးကို ပိတ်ထားလိုက်တော့သည်။ လူလည်း ဒေါသတွေနဲ့ အိပ်လိုက်တာ ထိုလူကြီးက ပြန်သွားချိန်ကိုတောင် မသိလိုက်ပါ။

အခုလဲ ဘေးက alarmသံက ဆူညံစွာပင် သေချာသည်က အိပ်တုန်းကတော့ alarmမပေးဖြစ်ပါ။ အခုက ဘယ်ကနေ ဘယ်လို ။ လူကလဲ စိတ်ကမကြည်နေတော့ ကျစ်တစ်ချက် သက်လိုက်ပြီး

"ဒီ အလိုက်ကန်းဆိုး မသိတဲ့ သောက် alarm နဲ့တော့" ဟုဆိုကာ  ဖုန်းကို ကောက်အကိုင် ဖုန်းမီးလင်းလာသည်နှင့်တစ်ပြိုင်နက် အခန်းတံတံခါးပွင့်လာပြီး

"🎶🎶🎶🎶Happy birthday to you
Happy birthday to you
Happy birthday dear အဆက်/ငယ်
Happy birthday to you 🎉🎉🎉🎶🎶🎶"

ဘယ်တုန်းကဘယ်လိုရောက်လာမှန်း မသိလိုက်တဲ့ အမာန်နဲ့ သူ့အကိုနှင့်  ဘယ်အချိန်ပြင်ဆင်လိုက်လဲ မသိသော လူကြီးလက်ထဲက birthday cakeလေး

လူကို အံ့ဩမှုတွေကသာ စိုးမိုးလျက်

"ဘယ်က ဘယ်လို ..."

မျက်ရည်တွေနဲ့ ပျော်ရွှင်နေတဲ့ ငယ့်ကို ကြည့်ချင်းဖြင့် အပင်ပန်းခံခဲ့ရကျိုး နပ်ခဲ့ပါပြီ။ ကလေးတွေ စာမေးပွဲအတွက် ပြင်ဆင်ပေးနေတာက တစ်ဖက်နှင့် ကိတ်လုပ်ဖို့အတွက် သင်တန်းတွေ လိုက်တတ်ပြီး အလုပ်ရှုပ်ခဲ့ခြင်းဖြစ်ပါသည်။  အခုလိုလေး လူစုံတတ်စုံလေးဖြစ်အောင်လဲ ထက်ယံတို့က ခေါ်ရသည်ကလဲ လက်ပေါက်ကပ်လွန်းလှသည်။
ဘာမဟုတ်တာလေး ဈေးကိုင်နေသောကြောင့် သူတို့ပြောတဲ့အတိုင်း နှစ်ရက်လောက်ကို ငယ့်ကို ပစ်ထားခဲ့ရပြီး သူတို့နဲ့ စကားပြောပေးနေရသည်။  အကြောင်းပြချက်ကတော့ အတွဲတွေ ရို‌ေနမှုကြီးမမြင်ခြင်းသော ကြောင့်ဟုသာ ....

ဆူးနစ်လေသောWhere stories live. Discover now