အပိုင်း-35

125 7 0
                                    

ဆူးနစ်လေသော
Unicode:;
Part-35

အဆက်ဆီက မနက်ဖြန်နှစ်ကူးရက်ကို ဆုံရန် ဖုန်းရပြီးသည်နှင့် ကြယ်တွေစုံ‌ေနတဲ့ကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိသည်။ ရုပ်ရှင်ရုံတွင် သူကြားမိသည်များကို မဟုတ်ရန် ဆုတောင်းနေမိသော်လည်း အခြေအနေတစ်ခုပြီးတစ်ခုက မှန်ကန်ကြောင်းထောက်ခံနေသည်လေ။ အမှန်တော့ ကျွန်တော် အကုန်ကြားခဲ့ပါတယ် ရုပ်ရှင်ရုံထဲက အဆက်နဲ့ ကိုကိုရဲ့ စကားတွေကိုပေါ့။ အဲ့ဒီနေ့က မုန့်ဆိုင်ရောက်ပြီးမှ ပိုက်ဆံအိတ်‌မေ့ကျန်ခဲ့တာနဲ့ပြန်လာတော့ အဆက်က ကိုကိုလက်ကိုဆွဲပြီး ထွက်သွားသောကြောင့် လိုက်သွားရာကြားလိုက်ရသော စကားများက

"သဘောတူတယ် ဟုတ်လား ကောင်းတာပေါ့ ဒါပေမယ့် မင်းကိုထွက်သွားခိုင်းတာက အိမ်ကမဟုတ်ဘူ‌းနော် မင်းဒီလောကကြီးထဲမှာ မရှိတော့သလို မင်းပျောက်ကွယ်သွားပေးရမှာ မင်းဒီနိုင်ငံကကို ထွက်သွားပေးရမှာ "
ဘာတွေသဘောတူနေကြတာလဲ အဆက်ကရော ဘယ်ကို ထွက်သွားရမှာလဲ မရှင်းသော အကြောင်းအရာများကြောင့် နံရံကိုသာကွယ်ပြီး ဆက်နားထောင်နေလိုက်သည်

"မင်းကို daddyက ကျောင်းပြီးရင် အိမ်ကထွက်သွားခိုင်းထားတာ ငါသိသားပဲ အဲ့ဒီလောက်နဲ့ကျေနပ်မယ်ထင်နေတာလား မင်းသူငယ်ချင်းရဲ့ ဗီဒီယိုက အဲ့ဒီလောက်ပဲ ရှိတယ်ထင်နေတာလား အဟား"

ဗီဒီယို ဘာဗီဒီယိုလဲ စိုးရိမ်ရေအမှတ်က အတိုင်းထက်အလွန်

"ကောင်းပြီ ငါ‌ထွက်သွားမယ် မိုးထက်ကို မင်းဘာမှမလုပ်ပါနဲ့ ပြီးတော့ မိုးထက်နဲ့မင်းရဲ့ဗီဒီယိုကိုလဲ ငါ့ရှေ့မှ အပြီးဖျက်‌ေပးရမယ် နောက်ပြီး ငါထွက်သွားတာနဲ့ မင်းလဲ မိုးထက်ဘဝထဲက ပျောက်ကွယ်သွားပေး "

ငါနဲ့ ကိုကိုရဲ့ဗီဒီယို အဲ့တာ ကရော ဘာ..လဲ
ဘာ..လို့ အဆက်က..ကိုကို့ကို... ငါ့နဲ့အဆက်ဖြက်ခိုင်းတာလဲ... ဘာတွေလဲ ...

"နောက်ပြီးတွေက များလိုက်တာ မင်းသာ ငါ့ရှေ့ကထွက်သွားရင် အရာအားလုံးသဘောတူတယ်"

နှစ်‌ေယာက်သား ရှေ့ကို ပြန်ထွက်လာသောကြောင့် အမြန် ချောင်အကွယ်မှာပုံးလိုက်ပြီး ချုပ်တည်းထားသော အားတို့က ယိုင်နဲ့စွာဖြင့် ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လဲကြသွားပြီး
" ဟမ် ဘာကိုသဘောတူတာလဲ ဘာတွေလဲ ကိုကိုနဲ့ငါ့ဗီဒီယို ဘာဗီဒီယိုလဲ အဆက်ကရော ဘာလို့ထွက်သွားရမှာလဲ "
လဲပေါင်းများစွာဖြင့် မသေချာနေသော‌်လည်း ထိုအရာသည် ကောင်းသောအရာတစ်ခု မဟုတ်သည်မှာတော့ သိသာလှစွာ သို့သော်လည်း ကိုယ့်ကိုယ် လိမ်ညာ၍ပဲ ကြမ်းပြင်မှ ချက်ချင်းပြန်ထကာ

ဆူးနစ်လေသောWhere stories live. Discover now