အပိုင်း-29

109 6 0
                                    

ဆူးနစ်လေသော
Unicode:;

Part -29

မနေ့က အဆက် အိမ်သွားတော့ တွေ့ခဲ့တဲ့ အကိုကြီးရဲ့ပုံရိပ်က မိုးထက်ရဲ့ မျက်လုံးထဲတွင် စွဲထင်ကျန်ရစ်ခဲ့လေသည်။ အရပ်က သူ့ထက် တစ်ခေါင်းစာလောက်ပိုရှည်ပြီး ရပ်အုပ်ကျယ်ကျယ်နဲ့ အကိုကြီးက  မိုးထက်ဆိုသော ကျွန်တော့်ကို ဆွဲဆောင်လွန်းလှသည်။ သူပြောသွားသောစကားကြောင့် အမာန်တစ်ယောက် အပြန်တစ်လမ်းလုံးပြောလာသော်လည်း ကိုယ်ကတော့ အဲ့ဒီလူသားရဲ့အသံအော်အော်လေးကို သတိရနေမိသည်။
//ပြန်ကြားချင်လိုက်တာ//

အဆက် ကျောင်းအမြန်ပြန်တတ်ရန်သာ ဆုတောင်းနေမိသည်။ အကြောင်းကတော့ တစ်ခြားမဟုတ် အဲ့ဒီအကိုကြီးရဲ့ အကြောင်းကို သိချင်သောကြောင့်သာ
//သူဘယ်သူလဲ အဆက်နဲ့ဘာတော်လည်း  အသက်ဘယ်လောက်လဲ နာမည်ဘယ်လိုခေါ်လဲ အော်ကြာရင် ငါလေး ရူးတော့မယ်ထင်ပါတယ်လေ//ဟု တွေးကာ အခုအခန်းထဲတွင် အဆက် ရှိနေရန်သာ ဆုတောင်းပြီး အခန်းထဲသို့သာ အမြန်လျှောက်နေမိတော့သည်။ သို့သော် ဖြစ်ချင်သည်နှင့် ဖြစ်လာတာကတော့ တစ်ခြားဆီပင် အခန်းထဲတွင် အဆက် ရဲ့အရိပ်အယောင် တစ်မှုန်လေးမျှပင်မတွေ့ရ

ကျောင်းတတ်ခံနီးထိ ဟိုကြည့်ဒီကြည့်ဖြင့်‌ေမျှာ်ရသည်မှာလဲ သစ်ကုလားအုတ်ပင် ဖြစ်ပါတော့မည် ။ အမာန်ကတောင် ငြိမ်ငြိမ်နေရန် ပြောလာရသည့်အထိတောင်ဖြစ်သည်။
တော်သေးသည်ပြောရမည် အမောင်မုန်းဆက်တည်က ကျောင်းတတ်ဖို့ ငါးမိနစ်လောက်အလိုမှာ ရောက်လာတော့ ပျော်ရသည်သာ။ သူရောက်တာနဲ့ စာစသင်တော့ မေးမယ့် စကားလုံးများက လေ‌ပေါ်တွင်သာ ရပ်တန့်ရတော့သည်။ မုန့်စားဆင်းချိန်မှ မေးရန် အထ

"ဟျောင့် အဆက်  မင်းတို့ အိမ်က ဘုဆက်ဆက်နဲ့ လူတစ်ယောက် အဲ့တာဘယ်သူလဲ"
အမာန်က အလိုက်သိစွာ အရင်များမေးပေးနေသလား ထင်ရသည်လေ အခုတော့ အားစိုက်စရာမလိုဘဲ သိရပါတော့မည်

"ဘယ်လိုပုံစံလဲကွ "

"ကားအဖြူရောင်နဲ့ မင်းတို့အိမ်ထဲဝင်သွားတာလေကွာ အရပ်က ငါနဲ့သိပ်မကွာဘူး ငါတို့ထက်လဲကြီးမယ်ထင်တယ် "

ဆူးနစ်လေသောWhere stories live. Discover now