အပိုင်း-22

125 8 0
                                    

ဆူးနစ်လေသော

Unicode:;
Part_22

တစ်နေကုန်စားလိုက်သောက်လိုက်ဖြင့် ကုန်ဆုံးပြီး ပျော်ရွှင်ခဲ့ရပါသည်။အခုလဲ နောက်ဆုံးအစီအစဉ်ကျန်သေးသည်ဆို၍ မျက်လုံးကို ပုဝါအနက်ရောင်နဲ့ စည်းထားလေသည်။ဟော ရပ်လိုက်ပါပြီ ကားလေး....
တစ်ဖြည်းဖြည်းချင်းလျှောက်နေရသော်လည်း ဘေးက ဖေးမထားတဲ့ ငယ့်လက်လေးကြောင့်တော့ အဆင်ပြေသည်သာ
အခုလဲ ဓါတ်လှေကားစီးတဲ့ခံစားချက်မျိုးပင် တဖြည်းဖြည်းနဲ့ မခံစားဖူးတဲ့ ခံစားချက်လေး
ပုဝါကိုဖြည်ပေးလာသောကြောင့် တစ်ဖြည်းဖြည်း အလင်းရောင်ကို ခံစားရသည်နှင့်တစ်ပြိုင်နက် ဘေးမှ

🎶🎶🎶🎶🎶🎶🎶🎶
Happy birthday to you
Happy birthday to you
Happy birthday dear
ငြိမ်းမင်း/ my love
Happy birthday to you
🎶🎶🎶🎶🎶🎶🎶🎶

ခုနကနောက်မှာဟုထင်နေသော ငယ်က ရှေ့မှမွေးနေ့ကိတ်လေးကိုင်ကာ ထွက်ပေါ်လာပြီး ဘေးနားမှ ထက်ယံက
"Happy birthday ငါ့ကောင်"
ဟုပြောလာတော့ ခေါင်းလေးတစ်ချက် ငြိမ့်ပြလိုက်ပြီး

ရှေ့က ငယ်က
"Happy 29birthday လူကြီး"လို့ဆိုပြီး ဖယောင်းတိုင်မှုတ်ဖို့ ကိတ်ကိုရှေ့တိုးပေးသောကြောင့် လက်လေးနှစ်ဖက်ကိုစုကာ အရင်ဆုတောင်းလိုက်ပြီး ဖယောင်းတိုင်ကိုမှုတ်ပြီးတော့လဲ ထက်ယံက

"ဟျောင့် ဘာတွေဆုတောင်းလဲ ဘာလဲ ယောင်္ကျားမြန်မြန်ရပါစေလို့လား"ဟုဆိုကာ ငယ့်ကိုမျက်စပစ်ပြလေသည်။ ကျွန်တော့်ဘေးနားက ငယ်ကတော့ နားရှက်ဖျားလေးတွေ နီရဲလို့ပေါ့

အမှန်တော့ ကျွန်တော့်ရဲ့ဆုတောင်းများကတော့ //ကျွန်တော့်ရဲ့ ကလေးငယ်လေး အမြဲအခုလိုလေး လွတ်လပ်ပျော်ရွှင်နိုင်ပါစေ// ဟု
ထိုအကြောင်းအရာများကတော့ ကျွန်တော့်တစ်ယောက်ထဲသိသော ကျွန်တော်ရဲ့ဆုတောင်းများပင်ဖြစ်သည်။

  အရင်ဆုံး ကိတ်လေးကို ငယ့်ကို ခွံတော့လဲ ဘေးက ထက်ယံက

"အော် သူငယ်ချင်းတွေများ အပြောင်းအလဲမြန်ချက်နော် ခါတိုင်းအာ့တာငါ့အတွက်လေကွာ "
ဆိုပြီး မျက်ရည်တစ်ရှုံရှုံပုံစံလုပ်ပြတော့ ခေါင်းကိုသာ တစ်ချက်ပိတ်တီးပစ်လိုက်လေသည် ။ ခုနအကြာတွင် ကို ထက်ယံက‌ေရးကြီးသုတ်ပြာ ပြန်သွားတော့ ခေါင်မိုးထပ်တွင် ကျွန်တော်နှင့်ငယ်သာ ကျန်နေတော့သည်။ ငယ်က

ဆူးနစ်လေသောWhere stories live. Discover now