အပိုင်း-47

112 8 0
                                    

ဆူးနစ်လေသော
Unicode:;
အပိုင်း-47

အချိန်ဆွဲမနေတော့ဘဲ ထွက်မပြေးတော့ဘဲ ငယ်နှင့်သာ ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်ထားသောကြောင့် ငယ့်ကို လိုက်ရှာနေသော်လည်း ရှာ၍မတွေ့။ ဖုန်းခေါ်လျှင် စက်ပိတ်ထားပြီး တိုက်ခန်းသွားရင်လည်း အရိပ်တောင် မမြင်ရဘဲ ပြန်လာခဲ့ရသည့် နေ့သည် တစ်ပတ်လောက်တောင်ရှိခဲ့ပြီ။ ရှောင်နိုင်သူက ရှောင်နိုင်ပေမယ့် မနေနိုင်သူကတော့ ငယ်ရှိ‌ေသာတိုက်ခန်းတွင်ပဲ အချိန်ကုန်လေ့ရှိသည်။ ဒီနေ့လည်း တာဝန်တစ်ခုလိုဖြစ်နေသော ငယ့်တိုက်ခန်းကို အဝင် မနေ့ကထားခဲ့သည့်ပုံနှင့်ထူးဆန်းနေသလို အဝင်ဝက ငယ့်ရဲ့ ဖိနပ်လေး ။

"ငယ် ပြန်လာပြီ" 

နေရာအနှံလိုက်ရှာသော်လည်း မတွေ့ဘဲ အိပ်ခန်းထဲ လိုက်ရှာတော့ သဘက်တစ်ထည်ကို ကိုင်ပြီးခေါင်းသုတ်ကာ ထွက်လာ‌ေသာငယ်။ သတိရခြင်းများကို ထိန်းမရသောကြောင့် ချက်ချင်းပင် ငယ့်ကို ရင်ခွင်ထဲသို့သာ ထွေးပွေ့ထားမိသည်။ သို့သော်လည်း ရင်ခွင်ထဲက ငယ့်ထံမှ အလိုမကျသော အသံထွက်ပေါ်လာလေရာ

"ရပြီဆို လွှတ်တော့ အသက်ရှူကျပ်တယ် "

ဟုပြောပြီး ကျွန်တော်တစ်ချိန်က တစ်မြတ်တစ်နိုး ဆုပ်ကိုင်ခဲ့‌ဖူး‌ေသာ လက်လေးတို့က ကျွန်တော့်ရင်ဘက်ကို တွန်းကာငြင်းဆန်လာလေသည်။
  မရင်းနှီးသော ငယ့်အပြုအမူတို့ကြောင့် ခဏတာ ကြောင်အသွားသော်လည်း
"ငယ် ဘယ်တွေသွားနေတာလဲ
ကိုယ်ဘယ်လောက်စိတ်ပူနေလဲသိလား "

"ဒီတိုင်းဘဲ စိတ်ပြေလက်ပျောက် ခရီးထွက်သွားတာ"
"ငယ်ကလဲ အာ့တာဆိုလဲ ကိုယ့်ကို ပြောဦးပေါ့  "
ဘာမှဆက်မပြောဘဲ ဆံပင်သာသုတ်နေသောကြောင့် ဘာဆက်ပြောရမှန်းမသိ။

အဝင်တုန်းက ငယ့်ကိုပဲ မြင်လို့ ‌ေသချာမကြည့်မိသည်နှင့်မမြင်လိုက်။ ငယ် ဆံပင်ဆေးဆိုးထားသည်ပဲ။ ခါတိုင်း မဟူရာအရောင်လေးက ငယ့်ရဲ့ နဖူးပြင်တွင် ဝဲနေသော်လည်း အခုများတော့ ‌တစ်ခေါင်းလုံး ‌‌ေငွရောင်ဖြစ်နေကာ အဖျားလေး‌ေတွက အနီရောင်ဖြင့် တစ်မျိုးတော့ လှပနေပါသေးသည်။ သို့သော်လည်း မဟူရာကဲ့သို့နက်မှောင်နေသော ငယ့်ဆံသားလေးတွေက ငယ့်ရဲ့ ဖြူလျလျအသားအရည်နှင့် ပိုလိုက်ဖက်သည်ကတော့ ငြင်း၍မရပါ။ ထိုအရာသည် ငယ့်ရဲ့ လုပ်ပိုင်ခွင့်မို့  ဘာမှ ဆက်မပြောတော့ဘဲ ငယ့်လက်ထဲက သဘက်ကို ယူလိုက်ပြီး

ဆူးနစ်လေသောWhere stories live. Discover now